စင်္ကာပူ၊ ဇွန် ၂၈
ကိုယ်အလေးချိန်ကျစေတယ်လို့ ကြော်ငြာပြီးရောင်းတဲ့ ပိန်ဆေးတမျိုး အပါအဝင်လက်မောင်းဖြုအောင်လိမ်းရ တဲ့ ကရင်မ်တစ်မျိုးကို လိမ်းမိတဲ့ စင်္ကပူက လူ သုံးယောက် ဆိုရွားတဲ့ တုံ့ပြန်မှုတွေ ခံစားနေရပြီး နှစ်ယောက် ကိုတော့ သက်ရောက်မှု ပြင်းထန်လာလို့ ဆေးရုံတင်လိုက်ရတယ်လို့ စင်္ကာပူကျန်းမာရေးသိပ္ပံအာဏာပိုင် (HAS) က ဇွန် ၂၈မှာ သတင်းထုတ်ပြန်ပါတယ်။
ကျန်းမာရေးအာဏာပိုင်တွေရဲ့ပြောဆိုချက်အရ အဲဒိ ဆေးတောင့်တွေ ကရင်မ်တွေထဲမှာ ပြဒါးဓာတ် မြင့်မြင့်မားမား ပါ၀င်နေတဲ့အပြင် တားမြစ်ထားတဲ့အရာတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
မသမာတဲ့ နည်းလမ်းတွေ ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ အဲဒိပိန်ဆေးကြောင့် လူသုံးယောက် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ခံစားခဲ့ရတယ်လို့ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာတော့ 88 Total White Underarm Cream၊ Sausando Cellulite Pills နဲ့ Pelangsing Double Strong စတဲ့ ဆေးတွေကို မသုံးကြဖို့ ကျန်းမာရေးဌာနက ကြေငြာလိုက်ပါတယ်။
ထုတ်ကုန်သုံးခုစလုံးဟာ Shopee နဲ့ Lazada တို့လို့ ဒေသတွင်း e-commerce ပလပ်ဖောင်းတွေက တစ်ဆင့် ရောင်းချနေကြတာဖြစ်ပါတယ်။ လက်မောင်း ဖြူဝင်းစေတဲ့ ခရင်မ်ကို Carousell ဆိုတဲ့ အွန်လိုင်းဈေးရောင်းပလက်ဖောင်တွေ မှာသာမက Lucky Plazaက လက်လီအရောင်းဆိုင်တွေမှာလည်း ရောင်းချနေတယ်လို့ သိရပါတယ်။
အစိုးရကတော့ ဒီပြသနာကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ သိရပါတယ်။
Ref: CNA
ပုံစာ။ တားမြစ်လိုက်တဲ့ ဆေးဝါးတွေကို တွေ့ရပုံ
Feature Image Credit: HSA



