ပိတ်ဆို့အရေးယူကြတာတွေကြောင့် ရုရှားပိုမိုအင်အားကောင်းလာတယ်လို့ သမ္မတဗလာဒီမာပူတင်ထုတ်ဖော်ပြောကြား

အနောက်အုပ်စုက ပိတ်ဆို့အရေးယူတာတွေကြောင့် ရုရှားပိုမိုအင်အားကောင်းလာတယ်လို့သမ္မတဗလာဒီမာပူတင်က ဇူလိုင်၄ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အိနိ္ဒယကဦးဆောင်တဲ့ ၂၀၂၃ခုနှစ်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်သီးအစည်းအဝေးကို အဝေးဆက်သွယ်ရေးကွန်ရက်ကတစ်ဆင့်ကျင်းပရာမှာ ဗလာဒီမာပူတင်က အဲဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲဒီပြင်ပက ပိတ်ဆို့အရေးယူမှုတွေ၊ ဖိအားပေးမှုတွေနဲ့ လှုံ့ဆော်မှုတွေအားလုံးကို ရုရှားဖက်က တန်ပြန်နေတာ ဆက်လုပ်သွားမယ်လို့လည်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။ တရုတ်နဲ့ရုရှားအပြန်အလှန်ကုန်သွယ်နေကြတာရဲ့ ၈၀ %ကျော်ကို ယွမ်နဲ့ရူဘယ်ငွေနှစ်မျိုးကိုပဲသုံးကြတယ်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်တွေလည်း အဲဒီစနစ်ကိုသုံးကြဖို့လည်းတိုက်တွန်းခဲ့သေးတယ်။

အိမ်ရှင်အဖြစ်ဆောင်ရွက်တဲ့ အိနိ္ဒယနိုင်ငံကိုယ်စားဝန်ကြီးချုပ်နာရင်ဒရာမိုဒီ၊ တရုတ်နိုင်ငံကိုယ်စားသမ္မတရှီကျင့်ဖျင်တို့ တက်ရောက်ပြီး အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ စီးပွါးရေး ကုန်သွယ်ရေး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

အဲဒီအဖွဲ့ကို လွန်ခဲ့တဲ့၂၀၀၁ခုနှစ်မှာ တ ရုတ်၊ ရုရှား၊ အလယ်အာရှနိုင်ငံ(၄)နိုင် ငံတို့နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှာ အိနိ္ဒယနဲ့ပါကစ္စတန် နှစ်နိုင်ငံ အဖွဲ့ဝင်အဖြစ်ပါဝင်လာခဲ့ကြ တယ်။ လာမယ့်နှစ်မှာ ဘယ်လာရုစ် နိုင်ငံဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် မှုအဖွဲ့ရဲ့အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာပါလိမ့် မယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *