၁၃၈၄၊ ၂၀၂၂-ခုနှစ်ပထမပြန်စာမေးပွဲ၌သီလရှင်များထဲတွင် ထူးထူးခြားခြား ဆရာလေးတစ်ပါး ပေါ်ထွက်လာ
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၆
ဆရာလေးမဝိစိတ္တဉာဏီ ဟာ တစ်နိုင်ငံလုံး တစ်ပါးတည်းသာ ပေါ်ထွက်လာတဲ့ ထူးခြားတဲ့ ဆရာလေးတစ်ပါး ဖြစ်ကြောင်း သာသနာရေးအသိုင်းအဝိုင်းအတွင်း ဖော်ညွှန်းကြကုန်သည်။
ရန်ကုန်တိုင်းဗဟန်းမြို့နယ်ပဏ္ဍိတာရာမရွှေတောင်ကုန်းသာသနာ့ရိပ်သာ၌သီတင်းသုံးပြီး စာချတန်းဆိုင်ရာစာပေများကို ဆရာလေး မဝိစိတ္တဉာဏီသည် အစိုးရပထမကြီးတန်းကို (ပါဠိဘာသာ)ဖြင့် ဖြေဆိုအောင်မြင်၍ပါဠိကောသလ္လဘွဲ့တံဆိပ် ရရှိသွားပြီဖြစ်သည်။
ဆရာလေးသည် ပထမငယ်တန်းတွင်လည်း တစ်နိုင်ငံလုံး သီလရှင်(ပထမ)ဂုဏ်ထူးဖြင့်ဆွတ်ခူး အောင်မြင်ထားသည်ဟုသိရသည်။
Visited 1 times, 1 visit(s) today