ပါလီမန်မှာ မဲအပြတ်အသတ်အနိုင်ရပြီး ဖြူထိုင်းပါတီက ဆရီတာ ထာဗီဆင်း ထိုင်းဝန်ကြီးချုပ်ဖြစ်ဖို့ သေချာသွား

ဘန်ကောက်၊ ဩဂုတ် ၂၂

အိမ်ခြံမြေလုပ်ငန်းရှင် ဆရီတာ  ထာဗီဆင်းဟာ ထိုင်းပါလီမန်မှာ သြဂုတ်လ ၂၂ ရက်အင်္ဂါ နေ့ နေ့လည် မဲခွဲအပြီး ၀န်ကြီး ချုပ် ဖြစ်ဖို့ လုံလောက်တဲ့ ထောက်ခံမဲ ရခဲ့ပြီမို့  ရက်သတ္တပတ်အများကြီး မသေချာမရေရာမှုတွေနဲ့ ကြုံနေရတဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို အဆုံးသတ်စေခဲ့ပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လတွေကစပြီး  လူကြိုက်များခဲ့တဲ့  ဖြူးထိုင်းပါတီရဲ့ အဓိကလူ ဖြစ်တဲ့ ထာဗီဆင်းဟာ လွှတ်တော်ရဲ့ ထက်ဝက် ကျော် ထောက်ခံမှုကို ရရှိခဲ့တာ ဖြစ်သလို တိုက်တိုက်ဆိုင်ဆိုင် ဩဂုတ် ၂၂ရက်နေ့ဟာ ပါတီရဲ့ ဘီလီယံနာ ခေါင်းဆောင် သက်ဆင် ရှင်နာဝပ် ကလည်း နှစ်ပေါင်းများစွာ ပြည်ပမှာ တိမ်းရှောင်နေရာက သမိုင်းဝင်အိမ်ကို ပြန်လည်ရောက်လာခဲ့ တဲ့ နေ့လည်း ဖြစ်နေပါတယ်။

ဝန်ကြီးချုပ်အသစ် ဖြစ်လာမယ့် နိုင်ငံရေးလက်သစ် ထာဗီဆင်း ကတော့  ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် တွေမှာ ဖြူထိုင်း အစိုးရ တွေကို  ဖြုတ်ချခဲ့တဲ့ တော်ဝင်စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပါတီတွေပါဝင်တဲ့ ညွှန့်ပေါင်း အဖွဲ့ကိုပဲ့ကိုင် ကာ တိုင်းပြည်ကို ဆက်လက်မောင်းနှင်တော့မှာ ဖြစ်တယ်လို့ ထိုင်းမီဒီယာတွေမှာ ရေးသားဖော်ပြ နေကြတယ်လို့ သိရပါ တယ်။

Ref: CNA

ပုံစာအညွှန်း။ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရအပြီး မီဒီယာတွေနဲ့ တွေ့နေတဲ့ ဆရီတာ ထာဗီဆင်း

Feature Image Credit: AFP

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *