ပါလီမန်မှာ ထောက်ခံမဲအပြည့်အဝမရတဲ့ ပီတာ

ဇူလိုင်(၁၃)မှာ ပြီးဆုံးခဲ့တဲ့ ထိုင်းပါလီမန်မဲခွဲဆုံးဖြတ်မှုမှာ ဝန်ကြီးချုပ်လောင်း ပီတာလင်မ်ဂျရိုယင်ရတ် ထောက်ခံမဲအပြည့်အဝမရဘဲ ရှုံးနိမ့်ခဲ့တယ်။ သူရှုံးနိမ့်တဲ့ သတင်းကြားသိရတော့ပါလီမန်ရုံးအပြင်ဖက်မှာ အောင်ပွဲခံဖို့
စောင့်ဆိုင်းနေကြတဲ့ ထောက်ခံသူတွေ ဘဝင်မကျဖြစ်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။
ပီတာပါလီမန်ထဲကထွက်လာတော့ သတင်းထောက်တွေ သူ့ဘေးနားကို ဝိုင်းလာကြတယ်။ ပထမအကြိမ် မဲပေးမှုမှာ မိမိရှုံးနိမ့်ခဲ့ပေမယ့် လက်မလျှော့ဘူး နောက်အကြိမ်တွေ ရှိသေးတယ်လို့ ပီတာကပြောတယ်။
အထက်လွှတ်တော်အမတ်တွေက သူ့ကိုမထောက်ခံလို့ရှုံးခဲ့တာ သိသာထင်ရှားနေတာဆိုတော့ (၈)ပါတီ ညွန့်ပေါင်းထဲက တခြားတယောက်ယောက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် နာမည်စာရင်းတင်သွင်းသင့်တယ်လို့ထောက်ပြကြပေမယ့် အများစုက ပီတာ့ကိုပဲထပ်ပြိုင်ခိုင်းမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။
ပီတာကိုယ်တိုင်က လက်မလျှော့ဘူးလို့ပြောတာ ဆိုတော့ သူပဲထပ်ပြိုင်မယ် ဆိုတဲ့သဘောဖြစ်နေတယ်။ သူ့ကိုအားပေးာံက်ခံသူတွေကလည်း လမ်းပေါ်တက်ပြီး အင်အားပြဖို့ ဟန်ပြင်နေကြတယ်။
ဇူလိုင် ၁၉မှာ ထိုင်းပါလီမန်က မဲခွဲဆုံးဖြတ်မှု ဒုတိယအကြိမ် ပြုလုပ်မယ်။ ပီတာ မဲထပ်ရှုံးရင် ဇူလိုင် ၂၀ မှာ ထပ်ပြိုင်ခွင့်ရှိသေးတယ်။ သူ့ဖက်က လက်မ လျှော့သေးဘဲ ဝင်ပြိုင်လို့ တတိယအကြိမ်အထိရှုံးရင် ပါလီမန်ပြင်ပက ဝန်ကြီးချုပ်လောင်း တဦးကို နာမည်စာရင်းတင်သွင်း ပြီး နောက်ထပ် မဲခွဲဆုံးဖြတ်ကြရပါလိမ့်မယ်။
Ref: Bangkok Post

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *