ပါလက်စတိုင်းအာဏာပိုင်တွေက ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ခွင့် ထပ်မံတောင်းဆို

ဝါရှင်တန်၊ ဧပြီ ၃

ပါလက်စတိုင်း အာဏာပိုင်တွေဟာ ဧပြီ ၃ရက်မှာ  ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ဖို့ ထပ်တောင်းဆိုနေတဲ့အကြောင်း ပါလက်စတိုင်း အာဏာပိုင်တွေ ဆီက သိရပါတယ်။

“ဒီနေ့၊ ပါလက်စတိုင်းနိုင်ငံတော်နဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်အရ (ကျွန်ုပ်တို့၏) အဖွဲ့ဝင်လျှောက်လွှာကို သက်တမ်းတိုးပေးဖို့နဲ့ ထည့်သွင်းစဉ်းစားပေးဖို့ အထွေထွေအတွင်းရေးမှူးချုပ်ထံ စာတစ်စောင် ပေးပို့ခဲ့တယ်” ဆိုပြီး ရေးသားထားတဲ့ အကြောင်း  ပါလက်စတိုင်အာဏာပိုင်တွေက ပြောပါတယ်။

ပါလက်စတိုင်းနယ်မြေဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ရီယတ် မန်ဆာ  လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်မှာ ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ် ခွင့်ပြုဖို့ တင်ခဲ့တဲ့  ၂၀၁၁ ခုနှစ် စက်တင်ဘာလက ကနဦးလျှောက်လွှာကို ကိုးကားပြီး အခု ဧပြီလမှာ ပြန်လည်ထည့်သွင်းစဉ်းစားပေဖို့ ကုလကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ  ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ အနေနဲ့  လွတ်လပ်သော အဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုမှု မရခဲ့ပေ။ တစ်နှစ်အကြာမှာတော့  ကုလသမဂ္ဂဟာ ပါလက်စတိုင်းကို “အဖွဲ့ဝင်မဟုတ်သော လေ့လာသူအဖွဲ့အစည်း”  အခြေအနေကို ဗာတီကန်လိုမျိုး “အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံ” အနေနဲ့  ပြောင်းလဲဖို့  ဆုံးဖြတ်ခဲ့ပါတယ်။

ဖာတာနိုင်ငံရေးပါတီက ကြီးစိုးထားတဲ့  ပါလက်စတိုင်း အာဏာပိုင် တွေဟာ ဂါဇာကမ်းမြောင်ဒေသကို ၂၀၀၆  ခုနှစ် ပါလီမန်ရွေးကောက်ပွဲမှာ ဟားမတ်စ်တို့က အနိုင်ရပြီးတဲ့နောက် ဟားမတ်စ်တို့က ဂါဇာကို အုပ်ချုပ်ခဲ့ပြီး ပါလက်စတိုင်း အာဏာပိုင်တွေက အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းကအစိတ်အပိုင်းတွေကို အုပ်ချုပ်ခဲ့တာ ဒီနေ့အထိ ဖြစ်ပါတယ်။

အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ဒေသတို့ကို နောက်ဆုံးလွတ်လပ်တဲ့နိုင်ငံအဖြစ် ဦးဆောင်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို အမေရိကန်က ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့်  လက်ရှိမှာ ဆက်လက်ဖြစ်နေတဲ့ စစ်ပွဲအပြီးမှာ  ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ဂါဇာကို ပြန်လာမယ့်အလားအလာကို အစ္စရေးက ငြင်းဆန်ခဲ့ပြီး  ပါလက်စတိုင်းနိုင်ငံထူထောင်မယ့်  စိတ်ကူးကို ပယ်ချထားခဲ့တာပဲ ဖြစ်ပါတယ်။

Ref: CNN

ပုံစာ။ ပါလက်စတိုင်းပြည်သူနှစ်ယောက်ကို တွေ့ရပုံ

Feature Image credit: eurectiv

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *