ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ  အမြစ်မပြတ်မချင်း ဂါဇာကနေ ထွက်မသွားဘူးလို့ နေတန်ရာဟုပြော

ဂျေရုဆလင်၊ စက်တင်ဘာ ၄

ပါလက်စတိုင်း စစ်သွေးကြွ လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့ရဲ့ အသက်သွေးကြောတွေ ဂါဇာမှာ ရှိနေသမျှ ကာလပတ်လုံး အစ္စရေးဟာ လုံခြုံမှာ မဟုတ်လို့  ဟားမတ်စ်အဖွဲရဲ့ လှုပ်ရှားမှုတွေ အမြစ်မပြတ်မချင်း ဂါဇာကမ်းမြောင်ဒေသမှာ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို အစ္စရေးက သဘောတူမှာ မဟုတ်ဘူးလို့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမန် နေတန်ရာဟုက စက်တင်ဘာ ၄ရက် ဗုဒ္ဓဟူးနေ့ မှာ ပြောဆိုလိုက်ပါတယ်။

“ဒီလိုမဖြစ်ခင်အထိ၊ ငါတို့အဲဒီမှာရှိနေတယ်” လို့ ဂျေရုဆလင်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နေတန်ရာဟု က ပြောလိုက်တာ ဖြစ်ပါတယ်။

နေတန်ယာဟုက သဘောတူညီချက် ပထမအဆင့်မှာ  Philadelpphi  လို့ခေါ်တဲ့ စင်္ကြံနေရာကနေ ဖယ်ပေးဖို့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက်မှာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့အတွက် အစ္စရေးဟာ စစ်ပြီးခေတ် ဂါဇာကမ်းမြောင်ကို ပြေးလာသူတိုင်းဟာ ဟားမတ်စ်အတွက် လက်နက်မှောင်ခိုလမ်းကြောင်းအဖြစ် အသုံးပြုနေရာကနေ တားဆီးနိုင်မယ့် အာမခံချက် လိုအပ်ပါလိမ့်မယ် လို့ နေတန်ရာဟုက ပြောဆိုသွားတယ်လို့လည်း သိရပါတယ်။

Ref: Reuters

ပုံစာ။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု

Feature Image Credit: AP

Visited 49 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *