စင်္ကာပူ၊ ဇွန် ၂၇
စင်္ကာပူနိုင်ငံက တားမြစ်နယ်မြေဖြစ်တဲ့ အစ်စ်တာနာ ဧရိယာ ပတ်လည်တစ်လျှောက် ၂၀၂၄ ဖေဖော်ဝါရီ ၂ ရက်က ခွင့်ပြုချက်မရှိဘဲ စုဝေးစီတန်းလှည့်လည်ပွဲကို ကမကထ လုပ်ခဲ့တဲ့ အမျိုးသမီးသုံးယောက်ကို ၂၀၂၄ ဇွန် ၂၇ရက်မှာ ပြည်သူ့အမိန့်အက်ဥပဒေနဲ့ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
အစ်စ်တာနာ ဧရိယာဟာ သမ္မတအိမ်တော်ဝင်းရှိရာနေရာ ဖြစ်လို့ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတဲ့ ဧရိယာဖြစ်ပါတယ်။
ဒီဧရိယာမှာ ပါလက်စတိုင်းထောက်ခံပွဲကို လူ၇၀လောက်နဲ့ လုပ်ခဲ့ကြပါတယ်။ အခု တရားစွဲခံရတဲ့ အမျိုးသမီသုံးယောက်က ဒီပွဲ ဖြစ်အောင် စည်းရုံးခဲတာ ဖော်ထုတ်သိရှိခဲ့လို့ အခုလို တရားစွဲဆိုလိုက်တာလို့ ရုံးတော်က ပြောပါတယ်။
တရားစွဲဆိုခံရတဲ့ အမျိုးသမီး သုံးယောက်ကတော့ အန္နမာလီ ပါရဗာသီ ၃၅နှစ်၊ စီတီ အာမေရတ် မိုဟာမက် အက်ဆိုရီ ၂၉နှစ် နဲ့ မိုဆာမက် ဆိယီကွန် နာဟာ ၂၅နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
Ref: CAN
ပုံစာ။ တရားစွဲခံထားရတဲ့ အမျိုးသမီးသုံးယောက်ကို တွေ့ရပုံ
Feature Image Credit: CNA/Jeremy Long



