ပါလက်စတိုင်းကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေအားလုံးကို ပြင်သစ်က တားမြစ်

ပါရီ၊ အောက်တိုဘာ၁၂

နိုင်ငံတွင်း ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲတွေအပေါ် ပြင်သစ်အစိုးရရဲ့ အငြင်းပွားဖွယ် တားမြစ်ချက် အသစ်ကို အောက်တိုဘာ ၁၂ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒိနောက်တော့ တားမြစ်ချက်ကို ဖီဆန်တဲ့အနေနဲ့  ရာနဲ့ချီတဲ့ ဆန္ဒပြသူ တွေဟာ ပါရီမြို့လယ်မှာ စုဝေးခဲ့ကြပါတယ်။

ပြင်သစ်ရဲတပ်ဖွဲဝင်တွေဟာ လူစုလူဝေးကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲဖို့   လုပ်ခဲ့တာကို  အွန် လိုင်းပေါ်မှာ တွေ့မြင်ကြရပါတယ်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂါရဲ့ ဒရာမာနင် ကတော့ ပြည်သူ့လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတာမို့ အခုလို တားမြစ်ချက် ထုတ်ခဲ့တာလို့ ပြောပါတယ်။

ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲတွေဟာ အများပြည်သူရဲ့ အိုးအိမ်စည်းစိမ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တာမို့ တား မြစ်ရမှာပဲ” ဆိုပြီးလည်း  ဝန်ကြီးက ပြောဆို ခဲ့ပါတယ်။  အမိန့်ဆန့်ကျင်ပြီး ဆန္ဒပြတဲ့ ဘယ်အဖွဲ့အစည်း မဆို ဖမ်းဆီးအရေးယူသွားမယ်လို့ သူက ဆက်ပြောပါတယ်။

တရားဇရပ်တွေအပါအဝင် စာသင်ကျောင်းတွေစတဲ့  ပြင်သစ်ဂျူးတွေလာရောက်လည်ပတ်လေ့ရှိတဲ့ နေရာ အားလုံးကို အကာအကွယ်ပေးဖို့ကိုလည်းဝန်ကြီး ဒရာမာနင် က ရဲတပ်ဖွဲ့ကို တောင်းဆိုထားပြီး ပြင်သစ် မြေပေါ်မှာ ဂျူးဘာသာ ရေးဆန့်ကျင်ရေး လုပ်ရပ်တွေ ကျူးလွန်တဲ့ နိုင်ငံခြားသားဘယ်သူမဆို “ချက်ခြင်း နှင်ထုတ်မယ်” လို့ ပြောဆို လိုက်ကြောင်း လည်း သိရပါတယ်။

Ref: CNN

ပုံစာဆန္ဒပြသူတစ်ယောက်ကို ရဲတပ်ဖွဲက ဖမ်းဆီးလာပုံ

Feature Image Credit: Dimitar Dilkoff/AFP/Getty Images

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *