ပါရမီလမ်းပေါ် အိမ်စီးကားနှစ်စီးတိုက်မိ၍ သုံးဦး ဒဏ်ရာရသည့်အနက် နှစ်ဦး ဒဏ်ရာပြင်းထန်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်း‌မြို့နယ် ပါရမီလမ်းပေါ်တွင် ဇွန်လ ၁၁ ရက် ည က အိမ်စီးကား Parado နှင့် Salon Q တို့ တိုက်မိသောကြောင့် သုံးဦး ဒဏ်ရာရသည့်အနက် နှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း လိုက်ပါကူညီခဲ့သည့် လူမှုရေးအသင်းများက သိရသည်။

Salon Q ကားပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာ Parado ကားပေါ်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်း၊ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ပါရမီလမ်းနဲ့ပြည်လမ်းထောင့်၊မင်းလမ်းမုန့်တီဆိုင်အရှေ့မှ ယာဉ်၂စီးတိုက်မှုဖြစ်ပွားခဲ့တယ်။ ပွန်းပဲ့ဒဏ်ရာရ ကြတယ် ၊ ၃ ယောက်ထဲမှာ အမျိုးသမီး(၁)ဦးက သတိလစ်တယ်။ သူတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်”ဟု လိုက်ပါကူညီပေးခဲ့သူများကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *