ပါမောက္ခချုပ်ဆရာတော် ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မထေရ်မြတ်ကြီးရဲ့သက်တော် (၈၄) နှစ်ပြည့် ဝိဇာတ မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စစ်ကိုင်း၊ မတ် ၂၄

စစ်ကိုင်းမြို့၊မဟာသုဗောဓာရုံကျောင်းတိုက်မှာ ပါမောက္ခ ချုပ်ဆရာတော်ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မထေရ်မြတ်ကြီးရဲ့ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေး နေ့ အထိမ်းအမှတ်အခမ်းအနားကို  ဒီနေ့ မတ်လ၂၄ ရက်(တပေါင်းလပြည့်)နေ့မှာ ကျင်းသွားခဲ့ပါတယ်။

မွေးနေ့မှာ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးက

၁။မထေရ်ကြီး (၉) ပါးအတွက် နဝကမ္မများ လှူဖွယ်ဝတ္ထူအစုစု တို့ကိုလှူဒါန်းခြင်း၊

၂။ပညာဘူမိတက္ကသိုလ် အတွက် မတည် အလှူငွေလှူဒါန်းခြင်း၊

၃။အနုဂ္ဂဟအသင်း အတွက် computer များလှူဒါန်းခြင်း၊

၄။သံဃာတော်များ ပရိယတ် ပရိပတ် သာသနာပြုအလုပ် များပြုလုပ်နိုင်ရန် မဟာသုဗောဓာရုံ ကျောင်း တိုက်အတွင်း သုံးထပ်ကျောင်းဆောင် လှူဒါန်းခြင်း၊

၅။အထူးပင့်သံဃာတော်ဆရာတော်ကြီး (၁၄၅)ပါးအတွက်နဝကမ္မများလှူဒါန်းခြင်း၊

၆။သံဃာတော်၊ ကိုရင် အပါး (၅၀၀) အတွက်နဝကမ္မများ၊  သက္ကန်း အစုံ (၅၀၀)၊ ရဟန်းစီးဖိနပ် (၅၀၀)၊ ထီး အလက် (၅၀၀) လှူဒါန်းခြင်း၊

၇။သီလရှင် အပါး (၅၀၀) တို့ အတွက် နဝကမ္မ များလှူဒါန်းခြင်း အစရှိတဲ့ လှူဖွယ် ဝတ္ထူအစုစုတို့ကို လှူဒါန်းတာတွေပြုလုပ်ခဲ့ပါတယ်။

သက်တော်၈၄နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ်အ ခမ်းအနားမှာ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးက “ယ နေ့ မွေးနေ့ ဝိဇာတအခမ်းအနားကို အကြောင်း ပြုပြီး ဘဝမှာ မှာသက်သာရုံမျှ မဟုတ်ပဲနဲ့ ဒုက္ခအားလုံး အဆုံးသတ်ဖို့ အထိ ဦးတည်ကြရမှာဖြစ်တယ်။ဒုက္ခကို သုခလို့ပြောင်းလို့မရဘူး။ရထားတဲ့ သင်္ခါရဒုက္ခ ခန္ဓာ ကိုယ်ကြီးကို အဆုံးသတ်ရမှာဖြစ်တယ်။ မြဲတာ တစ်ခုမရှိတာမို့ တရားကျင့်ဖို့လိုအပ်တယ်လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။တရားကျင့်တာက မမြဲတာကို မြဲအောင်လုပ်တာမဟုတ်ဘူး။ မမြဲတာတွေ အဆုံးသတ်ဖို့လုပ်ရတာဖြစ်တယ် အဲဒီရထားတဲ့ ခန္ဓာကိုယ်ဒုက္ခကို သုခအဖြစ်ပြောင်းလို့မရတဲ့အတွက်ကြောင့် ဒီဒုက္ခမျိုးနောက်ထပ်မရဖို့ အတွက် ကိုယ်လုပ်တဲ့ကုသိုလ်က စွမ်းဆောင်ပေးသွားမယ် အဲဒီရည်ရွယ်ချက်နဲ့ မွေးနေ့လုပ်ကြတယ်။ကျောင်းတွေဆောက်ပြီးလှူကြတယ်။ ဘဝခရီး ရရှိနေခိုက်မှာ ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်လို့ ပဲ အနှစ်ချုပ်အနေနဲ့မှတ်သားသင့်ပါတယ်။တရားချစ်ခင်သူတော်စင်အပေါင်းတို့ မွေးနေ့ပွဲလုပ်ခြင်းဟာ ပျော်ရွှင်ချမ်းမြေ့ဖို့အတွက်မဟုတ်ပဲနဲ့ ပျော်ရွှင်စရာကို တကယ်ဖြစ်ပေါ်စေတတ်တဲ့ ကုသိုလ်ကောင်းမှုကိုရဖို့ ပြုလုပ်ကြတာသာဖြစ်တယ်လို့ အမှန်တရားကိုသိရှိပြီးတော့ နေ့စဉ်နဲ့အမျှ ဘဝခရီးမှာ ကုသိုလ်တရားဖြစ်ပွါးအောင်ကြိုးစားအားထုတ်နိုင်ကြပါစေ” လို့ မွေးနေ့အ မှတ်တရအနုမောဓနာတရားဟောကြားခဲ့ပါတယ်။

အလှု့မှတ်တမ်းဓါတ်ပုံများ ( ဓမ္မသဘင်အဖွဲ့ )

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *