ပါမောက္ခချုပ်ဆရာတော်ကြီး​၏ အစ်မတော် တစ်ဘဝချုပ်ငြိမ်း

စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်ကဉ္စနာရာမချောင်ဆရာကြီး အဖွား ဒေါ်ကဉ္စနာသည် ယနေ့၁၃၈၅-ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၆)ရက်၊ ကြာသပတေးနေ့၅/၁၀/၂၀၂၃ ရက်နေ့ ၊ နံနက် ၅ နာရီ ၅ မိနစ် ခန့်တွင်တစ်ဘဝဇာတ်သိမ်း ချုပ်ငြိမ်းသွားလေပြီဟု စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်က သိရသည်။အဖွားသည် သက်တော် (၉၇)နှစ်ရှိပြီဟုသိရသည်။

ဆရာကြီး၏ ရုပ်ကလာပ်တော်အား စစ်ကိုင်း၊ မဟာသုဗောဓာရုံ၊ ကဉ္စနာရာမချောင်တွင် အပူဇော်ခံထားရှိရာ လာမည့် အောက်တိုဘာ၇ရက် နံနက်(၈)နာရီအချိန်တွင် ပင့်ဆောင်၍ နံနက်(၉)နာရီအချိန်၌ စစ်ကိုင်းမြို့ ရွှေသမားရပ်ရှိ ရွှေရိပ်သာသုဿာန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဈာပနပွဲတော်ကျင်းပရေးကော်မတီမှ ထုတ်ပြန်ထားသည်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *