ပါတီထောင်ရင် လူ၁သိန်းစုပြရမယ့်နည်းဥပဒေကို ပြင်ဆင်

◼️ပါတီပြန်လည်မှတ်ပုံတင်တဲ့ သူတွေ အကျပ်တွေ့စေတဲ့အချက်တော်တော်များများပါ ဖြေလျော့ပေး

၆ မတ်၊၂၀၂၄

ပါတီမှတ်ပုံတင်ပြီး နိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်ဖို့ ဆိုရင် သိန်း၁၀၀၀ပြ ရက် ၉ ဝအတွင်း အနည်းဆုံးပါတီဝင်အင်အား ၁သိန်းစုပြီး သတ်မှတ်ထားတဲ့ ပါတီရုံးခန်းအရေအတွက် တွေရှိမှပဲ မြန်မာနိုင်ငံထဲ ပါတီနိုင်ငံရေးဆောင်ရွက်လို့ ရမယ်လို့ အရင်က ပြဌာန်းဆောင်ရွက်ခဲ့တာကို အခု ရွေးကော်က ပြင်ဆင်ချက်နည်းဥပဒေတစ်ရပ် ထုတ်ပြီး လျော့ချပေးလိုက်တာတွေ့ရပါတယ်။

လျော့ချပေးလိုက်တဲ့ အချက်တွေထဲ ပါတီဝင်အင်အား၊သတ်မှတ်ရက်၊နောက်ပြီး ပါတီရုံးချန်းကိစ္စ အပါအဝင် ပါတီပိုင်ပစ္စည်းစီမံခန့်ခွဲတာတွေ ဖြစ်တယ်လို့ နည်းဥပဒေအရသိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက် တွေမှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပါ အချက်အလက်အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အမိန့်ကြော်ငြာစာအမှတ် (၁၂ / ၂၀၂၄) နဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက် နဲ့ ပြင်ဆင်လိုက်တာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီမှတ်ပုံတင်ကျပြီး ရက် ၉၀ အတွင်း ပါတီဝင် ၁သိန်းစည်းရုံးပြရမယ့် အစား ရွေးကောက်ပွဲကျင်းပမည့်ရက်အတိုင်မီ ရက် ၉၀ အတွင်း ပါတီဝင် အင်အား ငါးသောင်းပြ ရမယ်လို့ ဖြစ်သွားပါတယ်။

ဆိုလိုရင်းကတော့ ပြန်လည်မှတ်ပုံတင်တဲ့ ပါတီတွေ အတွက် ပါတီဝင် ငါးသောင်း စုရေးကိစ္စဟာ ရွေးကောက်ပွဲကျင်းပဖို့ ၃လ အလိုမှ လုပ်ဆောင်ကြရတော့မှာပါ။ နောက်ပြီး ပါတီရုံးခန်းကိစ္စကိုလည်း မှတ်ပုံတင်ကျပြီး ရက် ပေါင်း၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမယ့် ပါတီဟာ မြို့နယ်အားလုံးရဲ့ ထက်ဝက် အစား ရွေးကောက်ပွဲကျင်းပဖို့ အနည်းဆုံး ရက် ၉၀ မတိုင်မီ “မြို့နယ်အားလုံး၏ အနည်းဆုံးသုံးပုံတစ်ပုံ”လို့ ပြင်ဆင်ပေးလိုက်ပါတယ်။

“အရင်က မြို့နယ် ၁၆၀ ကျော်မှာ ရုံးခန်းဖွင့်ရမယ့်ဟာ အခု လျော့သွားပြီ”လို့ နိုင်ငံရေးပါတီဝင် တစ်ဦးက ပြောပြပါတယ်။

နောက်အချက်တွေကတော့ ပါတီဖျက်ခံရတယ်ဆိုရင် ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံတော်အစိုးရကသတ်မှတ်ပေးတဲ့ ဌာန၊ အဖွဲ့အစည်းထံ သတ်မှတ်တဲ့ နည်းလမ်းအတိုင်း အပ်နှံရမယ့် အချက်နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဆင့်ထက် မနိမ့်သူတစ်ဦးဦးက ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးတဲ့ ဌာန၊ အဖွဲ့အစည်းထံ သတ်မှတ်တဲ့ နည်းလမ်းအတိုင်းအပ်နှံရမယ့် အချက်တွေ အစားထိုး ထည့်သွင်းလိုက်တာပါ။

ဒီအချက်အပေါ်ကိုတော့ “ဒါက ဖျက်သိမ်းလိုက်တဲ့ ပါတီတွေကို ဖိအားပေးလိုက်တဲ့ အချက်လို့ မြင်တယ်”လို့ နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံထဲ UEC မှာ ပြန်လည် မှတ်ပုံတင်တဲ့ ပါတီ ၅၀ နဲ့ ပါတီအသစ် တည်ထောင်ခွင့်လျှောက်ထားတဲ့ ပါတီ ၁၅ ပါတီရှိနေပါတယ်။ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဟာ ၁၂ ပါတီသာ ရှိခဲ့ပြီး ကျံပါတီတွေကတော့ တိုင်း၊ပြည်နယ် အခြေစိုက်ပါတီတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံပြန်မတင်တဲ့ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီပေါင်း ၄၀ ကို ရွေးကောက်ပွဲကော်မရှင်အသစ်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်ထားတာရှိပေမယ့် ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေကတော့ တရားမဝင်ဘူးလို့ တုန့်ပြန်ထားပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *