ပါချုပ်ဆရာတော်ကြီးရဲ့အမ သီလရှင်ဆရာကြီးဒေါ်ကဉ္စနာရဲ့ အန္တိမအဂ္ဂိဈာပန ပြုလုပ်

မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများရဲ့ ပဓာနနာယက၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသရဲ့ အစ်မတော်သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာရဲ့ အန္တိမအဂ္ဂိဈာပနကို အောက်တိုဘာ ၇ ရက်၊မြန်မာသက္ကရာဇ် ၁၃၈၅ ခု တော်သလင်းလပြည့်ကျော်(၈)ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆရာကြီးဒေါ်ကဉ္စနာရဲ့အန္တိမအဂ္ဂိဈာပနမှာ ရှေးဦးစွာ စစ်ကိုင်းတောင်ရိုး မဟာသုဗောဓာရုံ ကဉ္စနာရာမချောင်ရှိ ဘုရားအမှူးပြုတဲ့ သံဃာတော်ရှင်သူမြတ်များကို သင်္ဃန်း အစရှိတဲ့ လှူဖွယ်ဝတ္ထု အစုစုအား ဆပ်ကပ်လှူ

ဒါန်းခြင်း၊ မတ္တရာမြို့ သာသနာဇောတာရုံ ကျောင်း တိုက် နာယက ဆရာတော်ကြီးက သံဝေဂ ဓမ္မကထာ တရားနှင့်ရေစက်ချတရား ချီးမြှင့်ခြင်း ပြုလုပ်ခဲ့ကြပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *