ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အီမရန် ခန်း ပစ်ခတ် တိုက်ခိုက်ခံရမှု နိုင်ငံတကာက ထိတ်လန့်ရှုတ်ချ

ပစ်ခတ်လုပ်ကြံတဲ့ အခင်းဖြစ်မှတ်တမ်း ဓါတ်ပုံ
Photo Credit: Business Upturn

အစ္စလာမာဘတ်၊ နိုဝင်ဘာ ၅

အသက် ၇၀ အရွယ် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ခန်း ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက် ကြာသပတေး နေ့က နိုင်ငံအရှေ့မြောက်ပိုင်း ဝါဇီရာဘက်က ချီတက်ဆန္ဒပြပွဲမှာ လုပ်ကြံခံရပြီး  သေနတ်ထိမှန်ခံရာက ဒီနေ့ နိုဝင်ဘာ၅ရက်မှာတော့ ပြန်ပြီး ထူထူ ထောင်ထောင် ကောင်းမွန်လာပြီလို့ ဆေးရုံတာဝန်ရှိသူတွေကတဆင့် သတင်းစကားပါးလာပါတယ်။

မစ္စတာခန်း စီးလာတဲ့ယာဉ်တန်းကို  အမှတ်မထင် ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက် လူတစ်ဦးသေဆုံးပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မစ္စတာခန်းကတော့ ခြေထောက်ကိုပဲကျည်ဆန်ထိမှန်ခံခဲ့ရပါတယ်။

လက်ရှိမှာတော့ မစ္စတာခန်းဟာ တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေပြီး လာမယ့်ရက်ပိုင်းဆေးရုံက ဆင်းနိုင်ခြေရှိ တယ်လို့တာဝန်ရိသူတွေက ပြောပါတယ်။

နာမည်ကြီး ခရစ်ကက်သမားကနေ ဝန်ကြီးချုပ်ဖြစ်လာတဲ့ မစ္စတာခန်းဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ဧပြီလအထိ  တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အခုလို မစ္စတာခန်းကို  နိုင်ငံရေး ပြိုင်ဘက်တွေက တိုက်ခိုက်တဲ့အပေါ် လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ရှိဘတ် ရှရီ က ရှုတ်ချခဲ့ပြီး  ချက်ချင်း စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က “အကြမ်းဖက်မှုဆိုတာတွေက နိုင်ငံရေးမှာ နေရာမရှိသလို အကြမ်းဖက်တာ၊  ခြိမ်းခြောက်နှောင့်ယှက်တာ စတာတွေ ရှောင်ကြဉ်ဖို့ ပါတီအား လုံးကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်” လို့ ပြောပါတယ်။

လက်ရှိဖြစ်ပျက်နေတဲ့ စီးပွားရေးအကျပ်အတည်း အပါအဝင် ရေကြီးရေလျှံမှုတွေကနေ ပြန်ပြီးရုန်းထနေရတဲ့ ပါကစ္စတန်မှာ  ၂၀၀၇ ခုနှစ်က ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ အတူ နိုင်ငံရေးအကြမ်းဖက်တဲ့သမိုင်းမှတ်တမ်းတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

Ref:BBC

၂၀၂၂ နိုဝင်ဘာ ၁ရက်နေ့က မြို့တော် အစ္စလာမာဘတ်မှာ မိန့်ခွန်းပြောနေတဲ့  အီမရန် ခန်း
Photo Credit: Arif Ali | AFP | Getty Images
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *