ပါကစ္စတန်ရွေးကောက်ပွဲ မတိုင်မီ တစ်ရက်အလို ဘာလိုချီစတန်မှာပေါက်ကွဲမှုဖြစ် အနည်းဆုံး လူ၃၀သေဆုံး

ဘာလိုချီစတန်၊ ဖေဖေါ်ဝါရီ ၇

ဖေဖေါ် ဝါရီ ၈ရက် မှာ ကျင်းပမယ့် ပါကစ္စတန် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ တစ်ရက်အလို ၇ရက်နေ့ ဗုဒ္ဓဟူးနေ့က ဘာလိုချီစတန်  ပြည်နယ်မှာ  ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပြီး  အနည်းဆုံး လူ ၃၀ သေဆုံးပြီး ၄၀ ဒဏ်ရာရခဲ့ပါတယ်။

Jamiat Ulema-e-Islam (JUI) ပါတီရဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့ ပီရှင်း ခရိုင်က JUIပါတီရဲ့ ရွေးကောက်ပွဲရုံးအပြင်ဘက် မှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

အဲ့ဒိ ပေါက်ကွဲမှုကြောင့် လူ ၁၂ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ လက်ထောက်ကော်မရှင်နာ ဖြစ်သူ က CNN ကို ပြောပါတယ်။

JUI ကိုယ်စားလှယ်လောင်း မာအူလာနာ ဆာမီရယ် ဟတ်နဲ့ မာအူလာနာ အဘ္ဘဒူ ဝါဆီ တို့ နှစ်ယောက် ရွေးကောက်ပွဲအ တွက် ယှဉ်ပြိုင်နေတဲ့နေရာနဲ့ ပေ ၄၀၀ ကျော်လောက်အကွာမှာ ပေါက်ကွဲမှူ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့အချိန် အလုပ်သမား အများအပြား ရုံးခန်းထဲမှာ  ရှိနေတယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။

အလားတူပဲ အခု ပေါက်ကွဲခဲ့တဲ့ ပီရှင်း  ခရိုင်က တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အက်စဖန် ရာခါလာ ရဲ့  ရုံးခန်းနားမှာလည်း သီးခြားပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူ ၁၈ယောက် သေပြီး၂၃ ယောက် ဒဏ်ရာရခဲ့သေးတယ်လို့  လက်ထောက်ကော်မရှင် နာ ပီရှင် ဂျမ်မာ ဒက်မန်ဒိုခေးလ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

Ref: CNN

ပုံစာပေါက်ကွဲမှု ဖြစ်သွားတဲ့ နေရာကို တွေ့ရပုံ

Feature Image Credit: AFP

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *