ပါကစ္စတန်မြောက်ပိုင်းမှာ ကျောင်းဝန်ထမ်း ၈ ဦး ပစ်သတ်ခံရ

ခိုက်ဘာ ပတ်တွန်ဂွာ( ပါကစ္စတန်)၊ မေ ၄

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း ခိုက်ဘာ ပတ်တွန်ဂွာ မြို့က ကျောင်းတစ်ကျောင်းမှာ အမည်မသိ သေနတ် သမားတစ်စုက ပစ်ခတ်တိုက်ခိုက်ခဲ့လို့  ကျောင်းဝန်ထမ်း ရှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ခဲ့တဲ့ ဒေသခံ အထက်တန်းကျောင်းမှာ စာမေးပွဲတွေ ဖြေဆိုပြီးချိန် မရှေးမနှောင်းမှာပဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့တာပါ။

ခရိုင်ရဲအရာရှိ မိုဟာမက် အင်မရန် ရဲ့ ပြောကြားချက်အရ သေဆုံးသူတွေထဲမှာ ကျောင်းဆရာငါးဦးနဲ့ ကျောင်းထောက်ပံ့ ရေးဝန်ထမ်း သုံးဦးပါဝင်တယ်လို့ သိရပါတယ်။  သေဆုံးသူနဲ့ဒဏ်ရာရသူအားလုံးဟာ အမျိုးသားတွေချည်း လို့လည်း ဆို ပါတယ်။

အင်မရန်ရဲ့  ပြောပြချက်အရ ပစ်ခတ်မှုက မေ ၄ရက်  ကြာသပတေးနေ့ နေ့လယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေး တာတော့ လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။တိုက်ခိုက်သူအားလုံးဟာ အစ္စလာမ်ဘာသာဝင်  ရှီအာအဖွဲ့၀င်တွေ ဖြစ်တာမို့ ရဲတပ်ဖွဲ့ အနေနဲ့ အခု တိုက်ခိုက်မှု ဟာ ဂိုဏ်း ဂဏ ပြသနာ တစ်ခု့ဖြစ်ဖို့ သံသယရှိတယ်လို့ အင်မရန်က   CNN ကို ပြောဆိုတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်ခဲ့တဲ့  ဒေသဟာ ဆွန်နီနဲ့ ရှီအာအစ္စလမ်ဘာသာဝင်တွေရဲ့ နှစ်ဖက် ပဋိပက္ခကြောင့် နာမည်ကြီးတဲ့ နေရာဒေသ တစ်ခုလည်း ဖြစ်ပါတယ်။

ပါကစ္စတန်သမ္မတ ဒေါက်တာ အာရစ်ဖ် အာရဘီ က တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ ကြာသပတေးနေ့မှာပဲ အဆိုပါ သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။။

 ရဲတပ်ဖွဲ့က ကနဦး သတင်းတွေကို ထုတ်ပြန်နေပေမယ့် တိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ တိတိပပ  ထုတ်ဖော်ပြော ဆိုလာတဲ့ အဖွဲတစ်ခုမှ  မရှိသေးဘူး လို့လည်း သိရပါတယ်။

Ref: CNN

ပုံစာ။ သေဆုံးသွားတဲ့ ကျောင်းဆရာတစ်ဦး ရုပ်အလောင်းကို သယ်လာစဉ်

Photo credit: AFP/Getty Images

Leave a Reply

Your email address will not be published. Required fields are marked *