
Photo Credit : BBC
ကဘူးလ်၊ မတ် ၂၂
မတ်လ ၂၁ရက် ညနေပိုင်းက ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နေရာအနှံ့အပြားမှာ ၆ဒသမ၅ ပြင်းအားရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ပြီးတဲ့ နောက် အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲပါတယ်။
ငလျင်ဒဏ်ကြောင့် နှစ်နိုင်ငံလုံးရဲ့ နေရာအနှံအပြားမှာ အဆောက်အအုံတွေ ပျက်စီးခဲ့သလို မြေပြိုမှုတွေလည်း ဖြစ်ခဲ့တာ မို့ လူတွေဟာ လမ်းတွေပေါ်ကို ပြေးထွက်ရှောင်တိမ်းခဲ့ရတယ်လို့ သိရပါတယ်။
ငလျင်ဟာ ပါကစ္စတန်နယ်စပ်အနီးနဲ့ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ဘက် တောင်တန်းဒေသကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါငလျင်ရဲ့ လှုပ်ခတ်တုန်ခါမှုကို အိန္ဒိယနိုင်ငံအထိ ခံစားခဲ့ရတယ်လို့လည်း ဆိုပါ တယ်။
ကဘူးမြို့ခံတစ်ဦး ဖြစ်တဲ့ ခတ်တေရာ က “ဒါဟာ ကြောက်စရာကောင်းတဲ့ တုန်ခါမှုပါပဲ။ တစ်သက်မှာ ဒီလို တုန်ခါမှုမျိုး တစ်ခါ မှ မခံစားရဖူးပါဘူး” လို့ပြောပါတယ်။ ဒီ သတင်းစကားကို သူနေထိုင်နေတဲ့ ပဉ္စမထပ်တိုက်ခန်းထဲကနေ ထွက်ပြေး လာ ခဲ့ ပြီးတဲ့နောက် AFP သတင်းဌာန ကို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။။
ပါကစ္စတန်နိုင်ငံက ခိုင်ဘာပတ်တွန်ဂွာချိုင့်ဝှမ်းဒေသဘက်မှာတော့ သေဆုံးသူ ၁၀ ဦးရှိတယ်လို့ အတည်ပြု ထား ပါတယ်။
အာဖဂန်နစ္စတန်ဘက်မှာတော့ သုံးဦး သေဆုံးခဲ့တဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။ အခုအချိန်ဟာ ပါရှန်နှစ်သစ်ကူးပွဲတော်ရာသီဖြစ်ပြီး ငလျင်လှုပ်လိုက်တဲ့အချိန် ပွဲကျင်းပနေတဲ့ မိသားစုတွေလည်း သူတို့ နေအိမ်တွေကို ထားပြီး ထွက်ပြေးခဲ့ကြရတယ်လို့သိရပါတယ်။
ဘေးဒဏ်သင့်ဒေသဟာ ဝေးလံခေါင်သီပြီး ကြမ်းတမ်းတဲ့ မြေပြင်အနေအထားတွေကြောင့် ကယ်ဆယ်ရေးနဲ့ ကယ်ဆယ် ရေးလုပ်ငန်းတွေက နှေးကွေးဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
ဖုန်းလိုင်းတွေလည်း ထိခိုက်ခဲ့သလို ပါကစ္စတန်ရဲ့ စွက် ဒေသက အဝေးပြေးလမ်းကိုလည်း မြေပြိုလို့ ပိတ်ထားရပါတယ်။
ငလျင်လှုပ်ခတ်တဲ့ တုန်ခါမှုကို အိန္ဒိယ၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ တာ့ခ်မင်နစ္စတန် စတဲ့ ဒေသတွင်းနိုင်ငံတွေ ရှိနေတဲ့ ကီလိုမီတာ ၁၀၀၀ကျော်ပတ်လည်အထိ ခံစားခဲ့ရကြောင်းကိုလည်း European-Mediterranean ငလျင်ဆိုင်ရာ စင်တာက ထုတ်ပြန်ပါတယ်။
ပြီးခဲ့သည့်နှစ်၂၀၂၂ ဇွန်လတုန်းကလည်း အာဖဂန်နစ္စတန်နိုင်ငံ ပတ်ကီကာ ပြည်နယ်မှာ ရစ်ချ်တာစကေး ၅ဒသမ၉ အဆင့် ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့လို့လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။
Ref: BBC