ပါကစ္စတန်က ရထားလမ်းချော် တိမ်း မှောက်မှုမှာ လူ၃၀ဦးထက်မနည်း သေ ဆုံးခဲ့ရ

ပါကစ္စတန်နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ က ရာချိကနေ မိုင်၁၇၀ကျော်အကွာမှာရှိတဲ့ နဝပ်ရှာရှိ ဆာဟာရဘူတာမှာ သြဂုတ် လ၆ရက်နေ့ ညနေပိုင်းမှာဖြစ်ပွားခဲ့တဲ့ ရထားတွဲ(၈)တွဲ လမ်းချော် တိမ်းမှောက် မှုမှာ လူ၃၀ဦးထက်မနည်းသေဆုံးခဲ့ရ တဲ့အပြင် လူ၁၀၀ထက်မနည်းလည်း ဒဏ် ရာတွေ ရခဲ့ကြတယ်လို့ ပါကစ္စတန် က တာဝန်ရှိသူတွေက ပြောပါတယ်။

ရထားတွဲတွေတိမ်းမှောက်မှုဖြစ်ပွားပြီးချိန်မှာကယ်ဆယ်ရေးအဖွဲ့တွေက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင် ရွက်ပေးခဲ့ကြပြီး ဒဏ်ရာရရှိခဲ့သူတွေကို နီးစပ်ရာဆေးရုံတွေကိုပို့ဆောင်ပေးခဲ့ကြ ပါတယ်။

ရထားလမ်းချော်တိမ်းမှောက်ဟာ စက် ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်လား လူ့ပ ရောဂကြောင့် ဖြစ်ခဲ့ရတာလားဆိုတာကို ပါကစ္စတန်အာဏာပိုင်အဖွဲ့က စစ်ဆေး ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

Ref; BBC

Leave a Reply

Your email address will not be published. Required fields are marked *