ပလိပ်မြို့က ဆေးခန်းတစ်ခန်းမှာ ဆရာဝန် တစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ပလိပ်မြို့၊ဈေးကွက်သစ်ရပ်ကွက်၊EPC ရုံးရှေ့က ဆေးခန်း တစ်ခန်းမှာ ဆေးခန်းထိုင်တဲ့ ဆရာဝန် တစ်ယောက် မေလ၁၅ရက်နေ့ညနေ ၆နာ ရီခွဲက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

“သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာက မြစ်ငယ်က မြန်မာ့မီးရထားဆေးရုံရဲ့ တိုင်း ဆရာဝန်ကြီး ဒေါက်တာ ဒေါ်တင်ချိုချိုကို ပါ။ဘာကြောင့် ခုလိုသတ်သွားရတာလဲ ဆို တာကိုတော့ မသိရသေးပါဘူး´´လို့ တာဝန် ရှိသူတစ်ယောက်ကပြောပါတယ်။

ဖြစ်စဉ်မှာမေလ၁၅ရက်နေ့ညနေ ၆နာရီခွဲက ပလိပ်မြို့၊ဈေးကွက်သစ်ရပ်ကွက်၊ EPC ရုံးရှေ့က ဆေးခန်းကို အမည်မသိအမျိုးသား ၂ယောက်ရောက်ရှိလာပြီးဆေးခန်းအတွင်း ရှိ ဒေါက်တာတင်ချိုချိုကို၊၅၄ နှစ်၊ (မြစ် ငယ်မီးရထားတိုင်းဆရာဝန်ကြီး)၊ဈေးကွက်သစ်၊ပလိပ်နေသူကို သေနတ်နဲ့ ၁ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါက်တာတင် ချိုချိုကိုမှာ လည်ပင်းကျည် ဖေါက်ဝင် ဒဏ်ရာရှိပြီး အခင်းဖြစ်နေရာမှာ သေဆုံး သွားခဲ့ပြီး အခင်းဖြစ်နေရာအနီးမှာThai Arms 9 mm အမျိုးအစားကျည်ခွံ(၁)ခု သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *