ပရီယန်ကာ ချိုပရာက  သူဘောလိဝုဒ်ကို ကျောခိုင်းရ တာဟာ  ဘေးဖယ်ထားခံရလို့ ဆိုပြီး ဖွင့်ချ

ပရီယန်ကာ ချိုပရာ
Photo Credit: Bollywood.com

အော်စတင်၊မတ် ၂၉

မင်းသမီး ပရီယန်ကာ ချိုပရာ က သူ့အနေနဲ့ ဘောလိဝုဒ်ကို ဘာကြောင့် ကျောခိုင်းခဲ့ရလည်း ဆိုတာကို  ရင်ဖွင်လာခဲ့ ပါတယ်။

အမြဲတမ်းလိုလို သူ့ကို ဘေးချိတ်ထားတာခံရပြီး၊ အကြောင်းမဲ့ ဖယ်ထုတ်ထားသလိုမျိုးတွေ ကြုံရပြီးနောက်ပိုင်း ဘောလိ ဝုဒ်မှာ သရုပ်ဆောင်တာတွေ မလုပ်တော့ဘဲ ပိုပြီးနယ်ပယ်ကျယ်ဝန်းတဲ့ ဟောလိဝုဒ်ကို ဦးတည် ထွက် ခွာခဲ့ ပြီး ဂီတအလုပ် တွေ၊သရုပ်ဆောင်အလုပ် စတာတွေ ဆက်လုပ်ခဲ့တာလို့ ရင်ဖွင့်ပါတယ်။

“Matrix Resurrections” လို ဇာတ်ကားမှာ ပါဝင်နိုင်ခဲ့တဲ့ ဘောလိဝုဒ်သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်ကျော် ကြားခဲ့ တဲ့ ပရီယန်ကာ ချိုပရာဟာ ဟောလိဝုဒ်ကို မထွက်ခွာမီ သူ့အနေနဲ့ နိုင်ငံရေး ဆိုတာတွေကိုလည်း ငြီးငွေ့ လှပြီဆိုတဲ့ စကား တစ်ခွန်းပြောခဲ့ပါသေးတယ်။

အခု လောလောဆယ်တော့ “ကျွန်မ အနားယူဖို့ပဲ လိုတယ်” ဟု သူက ဆိုပါတယ်။

လက်ရှိမှာတော့ ချိုပရာဟာ ဟောလိဝုဒ်မှာ  အောင်မြင်တဲ့  အသက်မွေးဝမ်းကြောင်းအလုပ်ကို ဆက်ရထားပြီး “Baywatch”၊ “The Matrix Resurrections”၊ စတာတွေအပြင် လာမယ့်  ဧပြီလ ၂၈ ရက်မှာ ထွက်ရှိမယ့်အချစ် ဇာတ်လမ်း “Love Again” နဲ့ လျှို့ဝှက်ဒရာမာ တီဗီစီးရီး “Citadel” စတဲ့ ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ် ဆောင်ထားတယ်လို့ သိရပါတယ်။

ပရီယန်ကာ ချိုပရာကို အိန္ဒိမှာ ၁၉၈၂ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ၂၀၀၀ပြည်နှစ်ရဲ့  “The winner of the Miss World 2000” ဆုရ မယ်တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၀၂ခုနှစ်မှာ ဘောလိဝုဒ်ကို စရောက်ခဲ့ပြီး ရုပ်ရှင်ဆုအများ အပြားချီးမြင့် ခံရသလို ဘောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသမီးလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၈မှာ အမေရီကန် အဆိုတော် နစ်ကီ ဂျိုးနပ်စ်နဲ့ လက်ထပ်ခဲ့ပါတယ်။

Ref:CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *