ပရိုဘောက်နဲ့တွဲကား သထုံအနီးမှာတိုက်

၁၅ ဖေဖော်ဝါရီ ၊၂၀၂၄

မွန်ပြည်နယ်၊သထုံမြို့၊မိုးကောင်းကျေးရွာအုပ်စု၊ကရင်လေးဆိပ်ကျေးရွာ၊ ဘီးလင်း-ကျိုက်ကော်လမ်းပိုင်းမှာ ဒီနေ့မနက် ၁၀နာရီခွဲဝန်းကျင်အချိန်က တွဲကားနဲ့ ပရိုဘောက်ကားတိုက်မိပြီး၊၆ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

အိမ်စီးကား ပေါ်မှာပါလာသူ (၆)ဦးထဲကအမျိုးသား၃ဦးနဲ့အမျိုးသမီး၁ဦးရဲ့ရုပ်အလောင်းတွေကို ကယ်ထုတ်ထားပြီး၊ယာဥ်မောင်းနဲ့ကျန်သူတဦးကယးထဲညှပ်နေလို့ ထုတ်ယူဖို့ ကြိုးစားနေကြဆဲလို့ အနီး၀န်းကျင်ရှိနေသူတဦးက ပြောပါတယ်။

“အိမ်စီးကားက တွဲကားအောက်ပီးသွားတော့ ပါလာသူတွေအကုန်အသက်ရှင်ရက်ကယ်ထုတ်တာမတွေ့ရဘူး ကားတစီးလုံးပျက်စီးနေပြီ “လို့အနီးအနားမှာ ရှ်ိနေသူတဦးက ပြောပါတယ်။

ပရိုဘောက်ကားဟာ သံဖြူဇရပ်မြို့နယ်၊ထင်းရူးကျေးရွာမှ ကားဖြစ်ကြောင်းကနဦးသိရပြီး

ယာဉ်တိုက်မှုဖြစ်ရာနေရာကို ဘီးလင်းနဲ့ ကျိုက်ကော်မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ မိုးကောင်းကယ်ဆယ်ရေးအဖွဲ့နဲ့ ပီတိနှလုံးသားကယ်ဆယ်ရေးအဖွဲ့တို့က ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *