
photo Credit: Jeffrey Ross/Instagram
လော့စ် အိန်ဂျလိ့စ်၊ ဇန်နဝါရီ ၁၈
ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အချစ်တော် “Mask” နဲ့ ပေါက်ခဲ့တဲ့ ဟာသသရုပ်ဆောင် ဂျင်မ် ကာရေး က သူ့ရဲ့ အသက် ၆၂နှစ်ပြည့် မွေးနေ့ကို လော့စ် အိန်ဂျလိ့စ်က နာမည်ကြီး တွေပဲ လာလေ့ရှိတဲ့ ဆန် ဗင်းဆန့် ဘန်ဂလို အပန်းဖြေကလပ်မှာ ဇန်နဝါရီ ၁၇ရက်က ကျင်းပခဲ့ပါတယ်။
အဓိကကတော့ သူနဲ့ လုပ်ဖော်ကိုင်ဘက်တွေရယ်၊ သူ့သူငယ်ချင်းတွေကိုပဲ အဓိကထားဖိတ်ပြီး ဒီ ၆၂နှစ်မွေးနေ့ကို ကျင်းပခဲ့ တာလို့ သိရပါတယ်။ ပွဲတက်လာတဲ့ သူတွေ ဘယ်သူဘယ်ဝါဆိုတာတွေကိုတော့ သတင်းအနေနဲ့ သီးသန့် ဖော်ပြတာမျိုး မရှိ ဘဲ သူ့လူမှုကွန်ယက်မှာ တင်တဲ့ ပုံတွေ အရပဲ ဘယ်သူတွေ တက်ခဲ့လဲဆိုတာ သိရမှာပါ။
ပွဲတက်ခဲ့တဲ့သူတွေရဲ့ ပြောစကားအရ မွေးနေ့ပွဲမှာ ဂျင်မ် ကာရေးက သူငယ်ချင်းတွေကို “Mask” ဇာတ်ကားထဲက အမူအရာ တွေ ပြန်လုပ်ပြခဲ့လို့ အားလုံးပွဲကျခဲ့တယ်လို့လည်း သိရပါတယ်။
သိရသလောက်တော့ ဒီပွဲကို တီဗီအစီစဉ်တင်ဆက်သူ ဂျင်မီ ကင်းမဲလ်၊ ဟာသသရုပ်ဆောင် အဒမ် ဆန်ဒလာ၊ ပရင့်ဆက် ဘရိုက် ထဲက ကယ်ရီ အဲဝက်စ်၊ ဒေးဗစ် စပိတ်၊ ဟောင်းဝီ မန်ဒယ်၊ ဘီလ်ဘား၊ ဆက် ဂရင်းနဲ့ ကာရစ် ရော်ဘင်ဆင် စတဲ့ နာမည်ကျော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ၁၉၉၄ ခုနှစ်က “ Mask” ဇာတ်ကား ပိုစတာ
Feature Image Credit; အင်တာနက်



