ပရိဘောဂတွေထဲထည့်ပြီးမှောင်ခိုသွင်းလာတဲ့ ဒေါ်လာ ၁ဘီ လီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဒူဘိုင်းရဲတပ်ဖွဲ့ က သိမ်းဆည်းရမိ

အဘူဒါဘီ၊ စက်တင်ဘာ ၁၅

ယူအေအီးနိုင်ငံ  ဒူဘိုင်းကို ပရိဘောဂပစ္စည်းတွေထဲ ထည့်ပြီး ဖွက်ယူလာတဲ့ ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ် ဆေးဝါး ၁၃ တန်ခန့် တားဆီးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက  စက်တင်ဘာ ၁၅ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။

ဒူဘိုင်းရဲတပ်ဖွဲ့က “နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်း” ရဲ့ တစ်စိတ်တစ်ပိုင်းလို့ ယူဆရတဲ့လူခြောက်ယောက်ကိုလည်းကို ဖမ်းဆီးခဲ့ ပြီး ဒါဟာ “ကမ္ဘာ့အကြီးဆုံး ကက်တဂွန်ဆေးပြားတွေ မှောင်ခိုရောင်းဝယ်တဲ့လုပ်ငန်းစုတွေထဲကတစ်ခု” လို့လည်း ဆိုပါ တယ်။ ဒီ ဆေးပြားတွေက လူသိနည်းသေးတဲ့ မူးယစ်ဆေးဝါးတွေလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးပြားတွေကို အဆင့်မြင့် ပရိဘောဂ ပြား ၄၃၂ ချပ်၊ သံနဲ့သစ် ရောပြီးလုပ်ထားတဲ့ ပရော်ဖက်ရှင်နယ် တံခါး ၆၅၁ ချပ်ရဲ့ အတွင်းပိုင်းမှာ  ဖွက်ပြီး သယ်လာတာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောထားပြီး ဆေးပြားတွေကို ထုတ်ယူဖို့ ရက်ပေါင်း များစွာ အချိန်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။

လူ့အဖွဲ့အစည်းရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကိုထိခိုက်စေမယ့် ခြိမ်းခြောက်မှုကို ရှင်းလင်း သွားမယ်ဆိုတာကို လည်း ၀န်ကြီး ရှိတ် ဆာဗင်ဇာယက် အယ်နာရန်က စက်တင်ဘာ၁၄ရက် ကြာသပတေးနေ့က တွစ်တာမှာ ကြေငြာချက်တစ်ခုထုတ်ပြီး ပြောဆိုခဲ့တယ်။

စက်တင်ဘာ ၁၄ရက် ကြာသပတေးနေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက ရထားတဲ့ ထောက်လှမ်းရေးဗီဒီယိုတစ်ခုမှာ ဒူဘိုင်းက ဂျီဘယ်အလီ ဆိပ်ကမ်းကတစ်ဆင့် ကက်တဂွန် ပါတဲ့ ပစ္စည်းတွေကို ကဲ့ထုတ်ဖို့ကြိုးပမ်းနေတာကို တွေ့ရတယ်လို့ ဆိုထား ပါတယ်။

ယူအေအီး အာဏာပိုင်တွေဟာ  ၂၀၁၉ ခုနှစ်က စကာ သိန်းနဲ့ချီတဲ့ ကက်တဂွန်  ဆေးပြားတွေကို သိမ်းဆည်းရမိခဲ့ ပါတယ်။။ အခုနှစ် ၂၀၂၃ မေလ နဲ့ ဇွန်လတွေမှာလည်း အဘူဒါဘီ အကောက်ခွန်က ဆေးပြား ၁၇၅,၀၀၀ နီးပါးကို သိမ်းဆည်းရမိခဲ့ တယ်လို့ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

Ref: CNN

ပုံစာအညွှန်း။ သိမ်းဆည်းရမိတဲ့ ဆေးပြားတွေကို စုပုံထားစဥ်

Feature Image Credit: UAE Interior Ministry

Leave a Reply

Your email address will not be published. Required fields are marked *