မုန်တိုင်းသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးသွားပေးနေသည့် ပရဟိတသမား စာရေးဆရာဝေဟင်အောင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
ယမန်နေ့ မေလ ၂၃ ရက်ညနေ ၃ နာရီကျော်အချိန်တွင် နစက တာဝန်ရှိသူများက ထိန်းသိမ်းစစ်ဆေးမေးမြန်းပြီးနောက် ယနေ့ မေလ ၂၄ ရက် နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ၊ယင်းနှင့်အတူ စစ်ဆေးခံခဲ့ရသူ ၅ ဦးလုံး ပြန်လွတ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်သို့ ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်ရန် သွားရောက်စဉ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာ၌ ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း၊လတ်တလောတွင် မည်သည့်အတွက် ထိန်းသိမ်းစစ်ဆေးမေးမြန်းသည်ကို မူ မသိရသေးပေ။