ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌဟေရှင် ဒေါက်တာတင်ဝင်း ကွယ်လွန်ာင်း စီးပွားရေးပညာ

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း)၊ ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌဟောင်း ဒေါက်တာတင်ဝင်း(၆၂)နှစ်ဟာ မေလ၃၁ရက် မနက်၄နာရီ၁၇မိနစ်မှာ ရန်ကုန်မြို့၊ကန်သာဆေးရုံမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားပြီလို့ သူ့ရဲ့မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ဒေါက်တာတင်ဝင်းဟာ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၊မိထ္ထီလာစီးပွားရေးတက္ကသိုလ်၊မုံရွာစီးပွားရေးတက္ကသိုလ်တို့မှာတာဝန်များထမ်းဆောင်ခဲ့ပြီး ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အထိ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်၊၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူဖြစ်ပါတယ်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလထဲ ကျင်းပသည့် ပထမပုဂ္ဂလိကဘဏ်လီမိတက်ရဲ့ (၁၀) ကြိမ်မြောက် အထူးအစည်းအဝေးနဲ့အကြိမ် (၃၀) မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတဆင့် ဘဏ်ရဲ့ဒုတိယမြောက် ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသူဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာ ၁၈ရက်မှာ ပြုလုပ်တဲ့ (၁၁)ကြိမ်မြောက် အထူးအစည်းအဝေးနှင့်(၃၁)ကြိမ်မြောက် နှစ်ပါတ်လည် အထွေထွေအစည်းအဝေးမှာဘဏ်ဥက္ကဋ္ဌ အဖြစ်ကနေ နှုတ်ထွက်ခဲ့ကာ ဒါရိုက်တာ အဖွဲ့ဝင် အဖြစ်ဆက်လက်တည်ရှိနေသူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *