ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ရွေးချယ်ခံရပြီး နာရီပိုင်းအကြာမှာ မက္ကဆီကို မြို့တော်ဝန်အမျိုးသမီး တစ်ယောက် ပစ်သတ်ခံရ

ကိုသီဟာ၊ ဇွန် ၅

နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတသစ်အဖြစ်  ကလောက်ဒီယာ ရှိန်ဘာအွန် ရွေးချယ်ခံရပြီး  နာရီပိုင်းအကြာ ဇွန်လ ၅ရက်မှာပဲ မက္ကဆီကိုနိုင်ငံက မြို့တစ်မြို့မှာ အမျိုးသမီး မြို့တော်ဝန်တစ်ယောက်ကို သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

လုပ်ကြံခံရသူဟာ ယိုလန်ဒါ ဆန်းချက် ဆိုသူ ဖြစ်ပြီး ကိုသီဟာ ဆိုတဲ့ မြို့မှာ ၂၀၂၁ခုနှစ်ကတည်းက မြို့တော်ဝန်အဖြစ် အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ အခု သူအုပ်ချုပ်တဲ့ မြိုမှာပဲ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာ ခံခဲ့ရပါတယ်။

ယိုလန်ဒါဟာ ကိုသီဟာ မြိုတော်ဝန်တွေထဲ ပထမဆုံး အမျိုးသမီးလည်း ဖြစ်ပါတယ်။

နိုင်ငံရေးသမားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်မှုက  မက္ကဆီကို အထွေထွေရွေးကောက်ပွဲကို လွှမ်းမိုးခဲ့ပြီး အမျိုးသမီးနှစ်ယောက် အပြိုင်ဖြစ်နေရာက အခု လက်ရှိသမ္မတ ကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြိုတော်ဝန် ယိုလန်ဒါ ဆန်းချက်ဟာ သေနတ်နဲ့ ၁၉ချက်တိတိ အပစ်ခံရပြီး ဆေးရုံအရောက်မှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။  သူ့လိုပဲ သူ့ရဲ သက်တော်စောင့်လည်း တစ်နေရာတည်းမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

ပုံစာ။ သေဆုံးသွားတဲ့ မြို့တော်ဝန် ယိုလန်ဒါ ဆန်းချက်

Feature Image credit: canal 13

Visited 38 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *