ပင်လယ်နီထဲမှာ ပင်လယ်ကူးကုန်င်္ဘောတွေ တိုက်ခိုက်ခံရ

ရီယက်ဒ်( ဆော်ဒီအာရေဗျ)၊ ဒီဇင်ဘာ ၄

ဆော်ဒီအာရေဗျနိုင်ငံတောင်ပိုင်း ပင်လယ်နီမှာရှိတဲ့  နိုင်ငံတကာရေပိုင်နက်ထဲမှာ ကူးသန်းရောင်းဝယ်ရေး ပင်လယ်ကူး ကုန်တင်သင်္ဘောသုံးစင်း ကို  ယီမင်ဟူသီသူပုန်အဖွဲ့က မောင်းသူမဲ့ဒရုန်းလေယာဉ်အပါအဝင် ဒုံးကျည်တွေနဲ့  ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  အမေရိကန်စစ်တပ်က ဒီဇင်ဘာ ၃ ရက် တနင်္ဂနွေနေ့မှာ  ပြောဆိုလိုက်ပါတယ်။

တိုက်ခိုက်ခံရတာနဲ့ တစ်ပြိုင်တည်း အမေရိကန်ဖျက်သင်္ဘော USS Carney က ချက်ချင်း  ဒရုန်းသုံးစင်းကို ပစ်ချနိုင်ခဲ့ ပါတယ်။

အမေရိကန်ဖျက်သင်္ဘော Carney ဟာ  ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကနေ အလစ်အငိုက် ဒုံးကျည်နဲ့ ဒရုန်းတွေ ပစ်ပြီး တိုက်ခိုက်ခဲ့တာကို ကောင်းမွန်စွာ ကူညီပေးနိုင်ခဲ့တယ်အမေရိကန် ဗဟိုဌာနချုပ် က ထုတ်ဖော်ပြော ဆိုလိုက်ပါတယ်။

ယီမင်မှာ ရှိနေတဲ့  ဟူသီသူပုန်တွေက   အစ္စရေးသင်္ဘောနှစ်စင်းဖြစ်တဲ့ Unity Explorer နဲ့ Number 9 တို့ကို လက်ကိုင် ဒရုန်းအပါအဝင် ရေတပ်ဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်းသာ သိရပြီးသင်္ဘောနှစ်စင်း အကြောင်းကို  အသေး စိတ်ဖော်ပြတာ မရှိသေးဘူးလို့ သိရပါတယ်။

အခုတိုက်ခိုက်မှုဟာ ယီမင်ပြည်သူတွေရဲ့တောင်းဆိုချက်အတိုင်း  ပါလက်စတိုင်းပြည်သူတွေနဲ့အတူ ရပ်တည်တဲ့အကြောင်း ပြသတာ ဖြစ်တယ်လို့ ဟူသီတွေရဲ့  ရုပ်သံထုတ်လွှင့်ချက်တစ်ခုမှာ သူတို့ရဲ့  ပြောရေးဆို ခွင့်ရှိသူ က ပြောပါတယ်။

ဒီလို တိုက်ခိုက်တာဟာ  နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ် တစ်ခုဆိုပြီးလည်း အကဲခတ်သူ တွေက ထောက်ပြပါတယ်။

အစ္စရေး စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက ပစ်ခတ်ခံရတဲ့ သင်္ဘောနှစ်စင်းဟာ  အစ္စရေးနဲ အဆက်အစပ်မရှိဘူးလို့ ကြေငြာပါတယ်။

ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်ရှိနေနိုင်တယ် ဆိုပြီးလည်း အရှေ့အလယ်ပိုင်း ကျွမ်းကျင်သူတွေက ပြောဆိုနေကြတယ် လို့ သိရပါတယ်။

Ref: Reuters/fs/at

ပုံစာ။ USS Carney စစ်သင်္ဘောကို အနီးကပ်တွေရပုံ

Feature Image Credit: The Drive

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *