ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ပက်ကေ့ချ်နဲ့  ယူကရိန်းကို ပက်ထရီယော့ခ်  ဒုံးကျည်တွေ အလျင်အမြန် ပို့ပေးဖို့ရှိနေ

ဝါရှင်တန်၊ ဧပြီ ၂၇

အမေရိကန်ရဲ့  စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်သစ်ရဲ့  တစ်စိတ်တစ်ပိုင်းအနေနဲ့  ယူကရိန်းကို ပက်ထရီယော့ခ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေနဲ့   အမြောက်ကျည်ဆန်တွေကို ပေးပို့ဖို့ ကိစ္စ အရှိန်မြှင့် ဆောင်ရွက်မယ်လို့  ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင်က ဧပြီ ၂၆ က ပြောဆိုလိုက်ပါတယ်။

ဒီ အစီစဉ်ဟာ အမေရိကန်ရဲ့  ကန်ဒေါ်လာ ၆ ဘီလီယံ (ပေါင် ၄ဒသမ၈ ဘီလီယံ) ကူညီထောက်ပံ့မယ် ရံပုံငွေရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်လို့ ပင်တဂွန်က ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမြှာ ဇလန်းစကီးက  ဒီ ဒုံးကျည်တွေဟာ ရုရှားရဲ့ လေကြောင်းခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ “အရေးတ ကြီး” လိုအပ်နေပြီး ” အခုအချိန်မှာ အသက်ပေါင်းများစွာကိုလည်း ကယ်တင်နိုင်ပါတယ်” ဆိုပြီး’ ပြောဆိုလိုက်ပါတယ်။

ရံပုံငွေ ဒေါ်လာ ၆ ဘီလျံဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့ ဧပြီ ၂၅က  တရားဝင်လက်မှတ်ရေးထိုးထားတဲ့  ဒေါ်လာ ၆၀ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက BBC ကို အတည်ပြုပြောဆို ခဲ့သလို နောက်ထပ် ချက်ချင်းအကူအညီ ဒေါ်လာ ၁ ဘီလီယံလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

Ref: BBC

ပုံစာ။ ယူကရိန်းကို ပို့မယ် အမေရိကန် ပက်ထရီယောခ် ဒုံးပစ်စဉ်ကားကို တွေ့ရပုံ

Feature Image Credit: Getty Images

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *