မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့ပေါ်မှာ ဇူလိုင်လ၂၆ရက်မနက်၉နာရီကစားသောက်ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးကို အမည် မသိလက်ကိုင်၃ယောက်က သေနတ်နဲ့ ပစ်သတ်တာခံခဲ့ရတာလို့ မြို့ခံတွေဆီက သိရပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရသူအမည်မှာ ဦးမြင့်သိန်းဖြစ်ပြီး သူဟာ ပခုက္ကူမြို့၊ အ မှတ် (၃) ရပ်ကွက်၊ မြသီတာလမ်းနဲ့ ၅ လမ်းဒေါင့်မှာရှိတဲ့ “တမာရိပ်” စား သောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တယ် လို့ သိရပါတယ်။
ဦးမြင့်သိန်းဟာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာ ၂ ချက်၊ နောက်ကျောကျည် ထိမှန်ဒဏ်ရာ ၁ ချက်တို့နဲ့ အခင်း ဖြစ်နေရာမှာ သေဆုံးသွားခဲ့တာလို့လည်း သိရပါတယ်။