ပခုက္ကူမြို့နယ် ကြံ့ခိုင်ရေးပါတီမြို့နယ် အတွင်း ရေးမှူး အသတ်ခံရ

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့၊အမှတ် (၅) ရပ်ကွက်က နေအိမ်မှာ ကုန်စုံဆိုင် ဖွင့်ထားတဲ့ ပခုက္ကူမြို့နယ်ကြံ့ခိုင်ရေး ပါတီ အတွင်းရေးမှူးဦးဆွေလင်း(၅၁)နှစ်ကို ဆိုင်ကယ်နှစ်စီးနဲ့ အမည်မသိလက်နက်ကိုင်လူလေးယောက်က ဖမ်းဆီးခေါ် ဆောင်သွားပြီး ကုန်းသစ်ကန်ကျေးရွာ အနီး ပခုက္ကူ-မြိုင်ကားလမ်းဘေးမှာ သေနတ်နဲ့ပစ်သတ်ပြီး အလောင်းကို စွန့်ပစ်သွားခဲ့ဖြစ်စဉ်တစ်ခု ဇူလိုင်၁ရက် နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသ ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ဦးဆွေလင်းကို ပြီးခဲ့တဲ့လ၂၈ရက်နေ့က နေအိမ်မှာပဲ အမည်လူလေးယောက်က သေနတ်ပြချိန်းခြောက်ပြီး ဖမ်းသွားကြ တာပါ။၃၀ရက်နေ့မှာ သူ့ကို သိန်း ၄၀၀၀နဲ့ ပြန်ရွေးဖို့ ဖမ်းသွားတဲ့အဖွဲ့က ဆက်သွယ် ခဲ့ပြီး မိသားစုဝင်တွေနဲ့ညှိနှိုင်းရာမှာ သိန်း၅၀၀နဲ့ အဆင်ပြေသွားပေမယ့် ဇူလိုင်လ၁ရက်နေ့မှာ ပြန်လွှတ်မပေးဘဲ သတ်သွားကြတာပါ´´လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ ဦးဆွေလင်း(၅၁)နှစ်ဟာ ပခုက္ကူမြို့နယ်ကြံ့ခိုင်ရေးပါတီအတွင်းရေး မှူးဖြစ်တဲ့အပြင် ၂၀၂၀ရွေးကောက်ပွဲမှာ လည်း ကြံ့ခိုင်ရေးပါတီကိုယ်စားပြု လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံခဲ့သူဖြစ်ပြီး ပခုက္ကူမြို့၊အမှတ် ၅ရပ်ကွက်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *