အီတလီနိုင်ငံ၊ဘိုလော့ဂ်နာမြို့မှာ လွန်ခဲ့တဲ့ အပတ်ထဲက အီတလီတာဝန်ရှိသူတွေ အီ ရတ်သမ္မတအဗဒူလ်လတိဖ်ရာရှစ်ကို ရှေးဟောင်းပစ္စည်းတစ်ခု ပြန်လည် လွှဲပြောင်းပေးခဲ့တယ်။ အဲဒီပစ္စည်းဟာ အီရတ်နိုင်ငံအတွက်သာမကတစ်ကမ္ဘာလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်လို့ နေပါတယ်။ နှစ်ပေါင်း၂၈၀၀သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းအရုပ်စာအုတ်ခဲကျိုးလေးတစ်ခုဖြစ်တယ်။ ၁၉၈၀ပြည့်နှစ်ကျော်မှာ အီ ရတ်နိုင်ငံ မိုဆူးလ်မြို့ပြင်မှာဆည်တူးတုန်း က တွေ့ခဲ့တာလို့ အီရတ်ယဉ်ကျေးမှု ဝန် ကြီးအာမက်ဘာဒရာနီကရှင်းပြတယ်။
ကမ္ဘာ့ပထမဆုံးစာရဲ့ အထောက်အထား ဖြစ်လို့ အဖိုးမဖြတ်နိုင်လောက်အောင် တန် ဖိုးရှိတယ်လို့ ပညာရှင်တွေက မိန့်ဆိုကြ တာဖြစ်တယ်။
အီရတ်ကနေ အီတလီကိုဘယ်လို ရောက်ရှိ သွားသလဲဆိုတာ ဘယ်သူကမှ မပြောနိုင် ဘူး။ ဘာပဲပြောပြော အီတလီအာဏာပိုင်တွေ က ရိုးဖြောင့်မှန်ကန်စွာ ပိုင်ရှင်လက် ထဲပြန်လွှဲပေးခဲ့တာ အလွန်ကျေးဇူးတင်ကြောင်း အီရတ်သမ္မတက ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။
အဲဒီအရုပ်စာ အုတ်ခဲကို ပြသထားတာ တွေ့ တော့ အီရတ်ပညာရှင်တွေ ရှေးဟောင်း ယဉ်ကျေးမှုမြတ်နိုးသူတွေလည်း ဝမ်းသာန ေကြပါတယ်။
Ref: BBC