နှစ်ရာပေါင်းများစွာကစ  အစဥ်လာအရ အရေးပါတဲ့ ဟိန္ဒူရိုးရာ ဒတ်ရှိဟရာပွဲတော်  အိန္ဒိယနိုင်ငံ အနှံ့ ကျင်းပ

မကောင်းမှုအပေါ် ကောင်းတဲ့ဘက်က အောင်ပွဲခံတဲ့ အထိမ်းအမှတ် တစ်ခု ( GETTTY IMAGES)

ဂူဂျာရတ်၊ အောက်တိုဘာ ၅

ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ ပတ်သက်ပြီး  စိုးရိမ်မှုတွေ  လျော့ကျလာတာကြောင့်  သန်းနဲ့ချီတဲ့အိန္ဒိယလူမျိုး တွေဟာ  သူတို့အတွက် အရေးကြီးတဲ့ အစဥ်အလာပွဲတော်တစ်ခုဖြစ်တဲ့ ဟိန္ဒူပွဲတော် ဒတ်ရှိဟရာ( Dussehra )ကို ကျင်းပခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ်တွေမှာတော့ အခမ်းအနားကို အသံတိတ်ကျင်းပတာမျိုး ဒါမှမဟုတ် လုံးဝမကျင်းပတာမျိုးတွေ ရှိခဲ့ပါတယ်။

ဒတ်ရိဟရာပွဲတော်ကို လပြက္ခဒိန် ( lunar calendar ) အရ သတ္တမလရဲ့ ၁၀ ရက်မြောက်နေ့မှာ ကျင်းပလေ့ရှိပြီး အကြမ်းဖျင်းအရကတော့ စက်တင်ဘာနဲ့ အောက်တိုဘာလကြားမှာ ကျရောက်လေ့ရှိပါတယ်။

ပွဲတော်အနှစ်သာရက ဟိန္ဒူနတ်ဘုရား ရာမက  ခေါင်း ၁၀ လုံးပါတဲ့ နတ်ဆိုးဘုရင် ရာဝဏကို အနိုင်ယူလိုက်နိုင်တဲ့ အောင်မြင်မှုအတွက် မကောင်းမှုအပေါ် အောင်ပွဲခံတဲ့ အထိမ်းအမှတ်ပွဲတော် ဖြစ်ပါတယ်။

ဒီပွဲတော်ကို အိန္ဒိယတစ်ဝှမ်းမှာ တစ်နေရာနဲ့ တစ်နေရာ ကွဲပြားတဲ့ရိုးရာဓလေ့လှုပ်ရှားမှု တွေနဲ့ကျင်းပလေ့ရှိ တာဖြစ်ပါတယ်။

ပွဲတော်အတွင်မှာ မီးရှို့ခံရမယ့် ထောင်နဲ့ချီတဲ့အရုပ်တွေ( GETTY IMAGES)

ဆိုခဲ့တဲ့အထိမ်းအမှတ်ပွဲတွေက ရက်တွေ အတော်များများ ကျင်းပလေ့ရှိပြီး  သီချင်းတွေအကတွေနဲ့ ကြီးမားတဲ့ စီတန်းလှည့်လည်တာမျိုးတွေ လုပ်ကြတာ ဖြစ်ပါတယ်။

ပွဲတော်ရက်တွေမှာတော့ လူတွေက  ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေဆီကို  ရိုးရာဝတ်စုံတွေ ဝတ်ပြီး အလည်အပတ် သွားကာ  ချိုချဉ်နဲ့ လက်ဆောင်တွေ ဖလှယ်လေ့ရှိပါတယ်။

ဂူဂျာရတ်လို အစရှိတဲ့ နေရာတွေမှာတော့ ပွဲတော်အတွင်းမှာ ရောင်စုံအ၀တ်အစားတွေ ဝတ်ပြီး ရိုးရာအကတွေ ကခုန်ကာ ကိုးညတိုင်တိုင်  ပွဲတော်ကို  ကျင်ပလေ့ရှိကြပါတယ်။

တစ်ချို့နှစ်တွေမှာ မီးရှူးမီးပန်းတွေကို အပြိုင်အဆိုင် ထွန်းကြလို့  ပြီးခဲ့တဲ့ နှစ်တွေမှာ လေထုညစ်ညမ်းမှု မြင့်တက်လာတာမို့  မီးရှူးမီးပန်းတွေနဲ့ မီးတိုင်တွေ မထွန်းဖို့  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေနဲ့ နိုင်ငံရေးသမားတွေက ပြည်သူတွေကို ဂရု့စိုက်ဖို့  တိုက်တွန်းခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပွဲတော်အတွင်းမှာ ရိုးရာ အစဥ်အလာတွေအပါအဝင် နိုင်ငံရေးနဲ့ ဆိုင်တဲ့ ရောင်စုံ ပန်းချီတွေ အရုပ်တွေကိုပါ လက်ရမြောက် အောင် လုပ်ပြီး စီတန်းလှည့်လည် ကြတာလည်း ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ မကြာခင် ရောက်လာမယ့် ဒေဝါလီ ခေါ် ဒီပါဝလီ မီးထွန်းပွဲတော်ရဲ့ အကြိုပွဲ တော် တစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC

ပွဲတော်ည သရုပ်ပြပုံရိပ်များ ( GETTY IMAGES)

ပွဲတော်ကာလမှတ်တမ်းပုံရိပ်များ

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *