နွန်သဘူရီ၊ ဇန်နဝါရီ ၁၀
ထိုင်းနိုင်ငံက လင်းမယားနှစ်ယောက်ဟာ သေဆုံးသွားသော ကလေးငယ်အလောင်းကို ရေခဲသေတ္တာထဲမှာ ဖွက်ထားမှုနဲ့ ဇန်နဝါရီ ၈ ရက်မှာ ရဲတပ်ဖွဲက ဖမ်းဆီး တရားစွဲဆိုလိုက်တယ်လို့ သိရပါတဘ်။
နွန်သဘူရီခရိုင်က အိမ်တစ်လုံးမှာ (၂)နှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့ အလောင်းကို ဇန်နဝါရီ ၆ ရက် စနေနေ့က တွေ့ရှိခဲ့တဲ့ အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဟာနာရွန် ပရာဖန်နန် အသက် ၃၁နှစ်နဲ့ သူ့ရဲ့ ဇနီး မာရီဆာ သောင်အမ် အသက် ၂၅နှစ် တို့ဟာ ကလေးသေဆုံးတာကို သက်ဆိုင်ရာကို တရားဝင်အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တဲ့အပြင် အလောင်းကိုပါ ဖျောက်ဖျက်ဖို့ ကြီူစားမှုနဲ့ တရားစွဲဆို ခံထားရပြီ ဖြစ်ပါတယ်။
ရဲက ဖမ်းဆီးစစ်ဆေးတဲ့အခါ အမျိုးသားဖြစ်တဲ့ ဟာနာရွန်က မူးယစ်ဆေးဝါး သုံးစွဲထားတာကိုပါ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲက ပြောပါတယ်။
ထပ်ပြီး စစ်ဆေးတွေ့ရှိတာက ကလေးငယ်ဟာ သူတို့ ကလေး မဟုတ်ဘဲ ဟာနာရွန် သူငယ်ချင်းရဲ့ ကလေးလို့ ထပ်သိရ ပါတယ်။
ရဲတပ်ဖွဲ့က ကလေးငယ်ရဲ့ မိဘအရင်းတွေ ကိုပါ စစ်ဆေးမေးမြန်းဖို့ ဆောင်ရွက်နေပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အရာရှိတွေက လမ်းလျှောက်တတ်စ ကလေးငယ်ရဲ့ အလောင်းကို စောင်နဲ့ထုပ်ကာ ရေခဲသေတ္တာထဲ ထည့်ထားတာ တွေ့ခဲတယ်လို့ ရုံးတော်မှာ ထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။
Ref: CAN / Agencies/fh(mi)
ပုံစာ။ ကလေးငယ်အလောင်းကို သယ်ထုတ်လာပုံ
Fearture Image Credit: Nakon45 Anyawut Pro-amphai



