နွားထိုးကြီးမြို့နယ်မှာ ရွှေစာရံဘုရားဖူးပြန်လာတဲ့ကား ပစ်ခတ်တိုက်ခိုက်ခံရ

ကလေးငယ်တစ်ယောက်၊အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက် သေဆုံး

ပစ်ခတ်ခံရတဲ့ ကားကို တွေ့ရစဉ်
ဓါတ်ပုံ။ BN

နွားထိုးကြီး၊ မတ် ၇

မြင်းခြံမြို့နယ် နဲ့နွားထိုးကြီးမြို့နယ်ကြားမှာ မတ်လ၇ရက်နေ့ညပိုင်းကရွှေစာရံဘုရားဖူးပြီး မြင်းခြံကို ပြန်လာတဲ့ ကားပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် ကားပေါ်မှာ လိုက်ပါလာသူ သုံးယောက် သေဆုံးပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာ ရတဲ့ဖြစ်စဉ် တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။

အဲ့ဒီကားကို ဘယ်အဖွဲ့တွေက ဘာကြောင့် တိုက်ခိုက်သွားတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်မှာ ကားပေါ်မှာလိုက်ပါလာတဲ့ ကလေးငယ်တစ်ယောက်အပါအဝင် အမျိုးသားတစ်ယောက်၊အမျိုးသမီးတစ်ယောက် စုစုပေါင်းသုံးယောက်သေဆုံးခဲ့ရပြီး အမျိုးသားတစ်ယောက်နဲ့အမျိုးသ မီးတစ်ယောက်တို့ ဟာ လည်း စိုးရိမ်ရထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

Visited 202 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *