မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊အောင် ပန်းကုန်းကျေးရွာမှာ ဇန်နဝါရီလ၂၅ရက် မွန်းလွဲ၂နာရီခန့်က နွားထိုးကြီးမြို့စျေးကို စျေးဝယ်ထွက်ပြီး ဆိုင်ကယ်နဲ့ပြန်လာတဲ့ အသက်၂၄နှစ်အရွယ်အမျိုးသား
တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ပြီး ဆိုင်ကယ်ကို လုယူထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖြစ်စဥ်မှာ ဇန်နဝါရီလ၂၅ရက် မွန်းလွဲ၂နာရီခန့်က နွားထိုးကြီးမြို့နယ်၊အောင်ပန်းကုန်းကျေးရွာနေ ကိုအေး ချမ်း(၂၄) နှစ်ဟာ CZI125ဆိုင်ကယ်နဲ့ ရွာမှ နွားထိုးကြီးကို စျေးသွားဝယ်ပြီး ပြန်အလာ ရွာထိပ်အရောက်မှာ ဆိုင်ကယ်နှစ်စီးနဲ့ရောက်လာတဲ့ အမည်မသိ လက် နက်ကိုင်သုံးယောက်က ကိုအေးချမ်းကို လက်ပြန်ကြိုးတုတ်ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်ပြီး ကိုအေးချမ်းရဲ့ဆိုင်ကယ်ကို လုယူပြီး မလှိုင်မြို့ဘက်ကို ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
Visited 42 times, 1 visit(s) today



