နွားထိုးကြီးမြို့နယ်မှာအလိုတော်ပြည့်ကျောင်းတိုက်(ပုဂံ)က မော်တော်ယာဉ်တစ်စီး မိုင်း ဆွဲတိုက်ခိုက်ခံရ

  • သံဃာတော်တစ်ပါးနဲ့ယာဉ်မောင်းအမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရ

နွားထိုးကြီး၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊၊နွားထိုးကြီးမြို့နယ်၊လျှော်ဖြူရွာအုပ်စု၊ညောင်ပင်သာကျေးရွာ အနီး၊မန္တလေး-မြင်းခြံသွားလမ်း၊ မိုင် တိုင် အမှတ်(၁၂/၁)ကျောက်လုံးကြီးကွေ့အကျော် ကားလမ်းမပေါ်မှာ မတ်လ၂၇ရက် ညနေ ၆နာရီ၁၅မိနစ်က အလိုတော် ပြည့်ကျောင်း တိုက်(ပုဂံ)က မော်တော်ယာဉ်တစ်စီး မိုင်း ဆွဲတိုက်ခိုက်တာခံခဲ့ရတယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေဆီက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့မော်တော်ယာဉ် ဟာ ပုဂံညောင်ဦးမြို့အလိုတော်ပြည့်ကျောင်း တိုက်က ယာဉ်နံပါတ်MDY RLG/ 9658 ALPHARDအဖြူရောင်မော်တော်ယာဉ် ဖြစ်ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ဦးစန္ဒ(ခ)မြတ်မောင်လှ၊(၄၅)နှစ်၊၂၅(ဝါ) မှာ (ဝဲဘက်ပါးစုတ်ပြဲဒဏ်ရာ(၁) ချက်၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ(၁)ချက်၊ဝဲဘက် မျက်ခုံးပေါက်ပြဲဒဏ် ရာ(၁) ချက်(စိုးရိမ်ရ) နဲ့ယာဉ်မောင်းဖြစ်သူဦးစိုးမြင့်၊(၅၅)နှစ်မှာ(နဖူးဝဲဘက်ခြမ်းဖူးရောင်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊နှာခေါင်းဝဲဘက် ပွန်းပဲ့ဒဏ်ရာ (၁) ချက်(မစိုးရိမ်ရ)ဒဏ်ရာတို့ ရရှိခဲ့တယ် လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်ရတာလဲဆိုတာ ကိုတော့ မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *