ဆိုးလ်၊ စက်တင်ဘာ၂၈
“မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းအားတည်ဆောက်ရေး မူဝါဒကို နိုင်ငံတော်ရဲ့ အခြေခံ ဥပဒေအဖြစ် အမြဲတမ်း ချမှတ်ထားပြီး၊ ဘယ်သူကမှ ဘာကိုမှ နှောင့်ယှက်ခွင့် မပြုပါဘူး” လို့ စက်တင်ဘာ၂၆ရက် အင်္ဂါနေ့က ကျင်းပခဲ့တဲ့ နိုင်ငံ တော် ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ခေါင်းဆောင် ကင်ဂျုံ အွန်က ပြောဆိုလိုက် တဲ့အကြောင်း စက်တင်ဘာ၂၇ရက် ဗုဒ္ဓဟူးနေ့မှာ နိုင်ငံပိုင်မီဒီယာ KCNA သတင်းဌာနက ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း စံချိန်တင်လက်နက်စမ်းသပ်မှုတွေ အများအပြား လုပ်ခဲ့ပြီး တောင်ကို ရီးယား၊အမေရိကန် နှစ်နိုင်ငံနဲ့ ဆက်ဆံရေးက ဆက်ပြီး တင်းမာနေဆဲလည်း ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်က ခုနှစ် ကစပြီး သူ့ရဲ့ပထမဆုံးနျူကလီးယားစမ်းသပ်မှုကို ပြုလုပ်မယ်လို့လည်း ကင် က ပြောဆိုထားပါသေးတယ်။
လွန်ခဲ့တဲ့နှစ် ၂၀၂၂နှစ်က အစည်းဝေးပွဲမှာ မြောက်ကိုရီးယားကို နျူလက်နက်နိုင်ငံအဖြစ် ကြေညာတဲ့ ဥပဒေ တစ်ရပ်ကို အတည်ပြုခဲ့ပြီး ကင်ဂျုံ အွန်က ဒီအခြေအနေကနေ နောက်ပြန်မဆုတ်နိုင်ဘူးလို့လည်း ပြောထားပြီး ဖြစ်ပါတယ်။
အခုတော့ နျူကလီယားကင်းစင်ရေး မျှော်လင့်ချက်တွေ ပို လျော့နည်းလာတာနဲ့အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲ မှာကို နျူကလီယားလက်နက် အဆင့်အတန်းကို သတ်မှတ်ပြဋ္ဌာန်းလိုက်တာကလည်း စိုးရိမ်စရာတွေကို ပိုတိုးပွားလာစေတယ်လို့ မြေက်ကိုရီးယားကို လေ့လာ အကဲခတ်သူတွေက ဆိုပါတယ်။
“ဒါဟာ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည်ကို သိသိသာသာ အားကောင်းစေဖို့အတွက် အားကောင်းတဲ့ နိုင်ငံရေး လမ်း ကြောင်း ကို ပံ့ပိုးပေးတဲ့ သမိုင်းဝင် ဖြစ်ရပ်ပါပဲ” ဆိုပြီး ကင်က ပြောခဲ့တယ်လို့လည်း KCNA ရဲ့ ထပ်ဆင့် ဖော်ပြချက်တွေကနေ သိရပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က “တြိဂံပုံစံ စစ်ရေးမဟာမိတ်” တစ်ရပ်ကို ဖွဲ့စည်းခဲ့တာက နောက်ဆုံးတော့ စစ်ပွဲနဲ့ရန်လိုမှုတွေကို အစပျိုးလိုက်တဲ့ ‘အာရှပုံစံနေတိုး’ ဆိုတာမျိုး ဖြစ်လာခဲ့တာလို့လည်း ကင် ကပြောဆိုလိုက်တဲ့အကြောင်း သိရပါတယ်။
Ref: AFP/kg
ပုံစာ။ ၂၀၂၃ စက်တင်ဘာက ရုရှားနိုင်ငံမှာတွေ့ရတဲ့ မြောက်ကိုရီးယားခေါင်းဆောင်
Feature Image Credit: AFP / Vladimir Smirnov / Pool