နျူကလီးယားစွမ်းအင်အသုံးပြုဖို့နဲ့ပတ်သက်ပြီး တိကျ ရေရာတဲ့ ဆုံးဖြတ်ချက်မချရသေးဘူးလို့ စင်္ကာပူပြော

ရွေးချယ်စရာအခွင့်အလမ်းတွေကိုတော့ဆက်ပြီး တံခါးဖွင့်ထားတယ်လို့ဆို

 စင်ကာပူ၊ အောက်တိုဘာ ၂၃

ကုန်သွယ်ရေးနဲ့  စက်မှုဝန်ကြီး  ဂမ် ကင် ယောင်က စင်္ကာပူဟာ ခေတ်မီနျူကလီးယားစွမ်းအင်နည်းပညာတွေ အသုံးချဖို့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချရသေးပေမယ့် ရွေးချယ်ခွင့်တွေကို ပွင့်လင်းမြင်သာစွာ ဆက်ထိန်းသိမ်းပြီး တံခါးဖွင့် ထား ရမယ်လို့  အောက်တိုဘာ ၂၃ ရက် တနင်္လာနေ့က စင်ကာပူနိုင်ငံတကာ စွမ်းအင် ရက်သတ္တပတ်မှာ  ပြောဆိုခဲ့တယ်လို့ သိရ ပါတယ်။

စင်္ကာပူဟာ  ဟိုက်ဒရိုဂျင်နဲ့ နျူကလီးယားစွမ်းအင်အပါအဝင် ကာဗွန်နည်းတဲ့ စွမ်းအင်အရင်းအမြစ်တွေကို ရှာဖွေနေတဲ့ အကြောင်း စက်မှုဝန်ကြီး ဂမ် က ပြောပါတယ်။

နျူကလီယားစွမ်းအင်အသုံးပြုမှုဟာ အရင်နှစ်က ထုတ်ပြန်ခဲ့တဲ့  စင်္ကာပူရဲ့ စွမ်းအင် ၂၀၅၀ ကော်မတီအစီရင်ခံစာမှာ အရင် က သတ်မှတ်ထားခဲ့တဲ့ ဖြစ်နိုင်ခြေရှိတဲ့  အခြေအနေ သုံးခုအနက်က တစ်ခုဖြစ်တယ်လို့ ပါရှိပါတယ်။ အစီရင်ခံစာမှာ နျူက လီးယားစွမ်းအင်ဟာ ၂၀၅၀မှာ  အသားတင်ထုတ်လွှတ်မှု အပြည့်အဝရဖို့ အလားအလာရှိတဲ့ စွမ်းအင်အရင်းအမြစ်အဖြစ် သတ် မှတ်ခဲ့ပြီး အဲ့ဒိစွမ်းအင်ပုံစံက  နိုင်ငံရဲ့ လိုအပ်ချက် ကို ၁၀ရာခိုင်နှုန်းဝန်ကျင် အထိ ထောက်ပံ့ပေးနိုင်မှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

ဒါပေမယ့်လည်း စင်ကာပူဟာ  နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးတဲ့ အကြောင်း လည်း မစ္စ တာဂမ်က  အလေးပေးပြောကြားခဲ့သည်။ လတ်တလောမှာတော့   ဘေးကင်းရေး၊ အရေးပေါ် ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်မှု စတဲ့ ကြိုတင်ကာကွဘ်တဲ့ အဆင့်တွေကို အခုထက်ပိုတဲ့ စွမ်းရည်ရဖို့ လေ့လာ အားထုတ်နေပါတယ်။

စင်္ကာပူနိုင်ငံအနေနဲ့  လွန်ခဲ့သော ၁၀ နှစ်ကျော်ကတည်းက နျူကလီးယားစွမ်းအင်ဆိုင်ရာ ဖြစ်နိုင်ခြေ အကြို လေ့လာမှုကို ပြုလုပ်ခဲ့ပြီး အဲံဒိအချိန်က ရနိုင်တဲ့ နည်းပညာတွေက စင်ကာပူအတွက် မသင့်တော်တဲ့ ကြောင်း ကောက်ချက် တွေချခဲ့ ကြတယ်လို့လည်း ဝန်ကြီး ဂမ်က ပြောဆိုတယ်လို့ သိရပါတယ်။

Ref: CAN

ပုံစာ။ နူကလီးယားဓာတ်အားပေးစက်ရုံတစ်ခုမြင်ကွင်း

Feature Image Credit: AFP/Abdul Goni)

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *