ရိုဂါလန်၊ ဇွန် ၆
“Mission Impossible” ဇာတ်ကားမှာ ပါဝင်ခဲ့ဖူးတဲ့ နော်ဝေနိုင်ငံ ရိုဂါလန်ဒေသမှာ ရှိတဲ့ ၁၉၈၁ ပေ( ၆၀၄မီတာ) မြင့်တဲ့ ချောက်ကမ်းပါးပေါ်က ခရီးသွား အမျိုးသားတစ်ယောက် ဇွန်လ ၅ရက် ဗုဒ္ဓဟူးနေ့က ပြုတ်ကျသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“Pulpit Rock” လို့လည်း နာမည်ကျော်ပြီး အရမ်းကို လှပတဲ့ မြင်ကွင်းကို အပေါ်စီးကနေ မြင်ရတဲ့ ဒီချောက်ကမ်းပါးကြီးဟာ နော်ဝေနိုင်ငံရဲ့ အကျော်ကြားဆုံး တောင်တက်ခရီးတွေထဲက တစ်ခုဖြစ်ပြီး တစ်နှစ်ကို ဧည့်သည် ၃၀၀၀၀၀ ကျော် လာရောက်ကြည့်ရှုလေ့ရှိတယ်လို့ နိုင်ငံရဲ့ တရားဝင် ခရီးသွားဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
“ရဲတွေက ပြုတ်ကျတဲ့ အဖြစ်အပျက်ကိုမတော်တဆမှုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်” လို့ ရဲအရာရှိ သွန်မက်ဆန်က CNN ကိုပြောပါတယ်။ “ရာဇ၀တ်မှု တစ်ခုခု ဖြစ်သွားတယ်လို့ ကျွန်တော်တို့ ယူဆချက် မရှိပါဘူး။” ဆိုပြီး ပြောဆိုခဲတယ်လို့လည်း သိရပါတယ်။
Ref: CNN
ပုံစာ။ ချောက်ကမ်းပါးကြီးကို တွေ့ရပုံ
Feature Image credit: Lucas Vallecillos/VWPics/AP



