နောင်ချို-ရပ်စောက်လမ်း လေးထပ်ကွေ့မှာ ခရီးသည်တင်ကားတစ်စီးချောက်ထဲထိုးကျခဲ့ပြီး ၂ဦးသေဆုံး

ကားဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျခဲ့တာဖြစ်ရှမိးပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်၊ နောင်ချို – ရပ်စောက်လမ်း၊ဒုဌ၀တီအဆင်းလမ်း လေးထပ်ကွေ့မှာ ဖေဖော်ဝါရီ၂၆ရက်မွန်းလွဲ၂နာရီခွဲခန့်က ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲထျုးကျမှုဖြစ် ပွားခဲ့ပြီး အမျိုး သား၁ဦး၊အမျိုးသမီး၁ဦး စုစုပေါင်း၂ ဦး သေဆုံးခဲ့တယ်လို့လူမှုကူညီရေးဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

ခရီးသည်တင်ကား ချောက်ထဲထိုးကျခဲ့တဲ့ဖြစ်စဥ်မှာ ယာဥ်မောင်းအပါအဝင် ကားပေါ်လိုက်ပါလာသူ အ မျိုးသား၃ဦးနဲ့အမျိုးသမီး၃ဦးအနက် အမျိုးသမီး၁ဦး အခင်းဖြစ်နေရာမှာတင်သေဆုံးခဲ့ပြီး အမျိုးသား၁ဦးမှာ ဆေးရုံကိုပို့ဆောင်စဥ်လမ်းခုလတ်မှာတင် သေဆုံးသွားခဲ့ပြီး ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူများကို လူမှုရေးအသင်းများက မော် တော်ယာဥ်များနဲ့ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး ထိုမှတဆင် ပြင်ဦးလွင်ဆေးရုံကို ဆက်လက်ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *