နောင်ချို-ရပ်စောက်ကားလမ်းပေါ်တွင်ကုန်ကားတိမ်းမှောက်၍ ယာဥ်မောင်းသေဆုံး၍ယာဥ်နောက်လိုက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက်ကားလမ်းမပေါ်တွင် ကုန်တင်ကား(၁)စီးတိမ်းမှောက်၍ ယာဥ်မောင်းအမျိုးသား၁ဦးသေဆုံးခဲ့ပြီး ယာဥ်နောက်လိုက်အမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။

ယနေ့ ဇွန်လ၁၄ရက် မွန်းလွဲ၁နာရီ၄၅ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီး၊ နောင်ချို-ရပ်စောက်ကားလမ်းမပေါ်တွင် ကုန်တင်ယာဉ်(၁)စီး တိမ်းမှောက်ပြီး ယာဥ်မောင်းအမျိုးသားမှာ ကားခေါင်းခန်းတွင် ညပ်၍သေဆုံးခဲ့ပြီး ယာဥ်နောက်လိုက် အမျိုးသားမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ရာနေရာသို့

နောင်ချိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများသွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသွားသူ ယာဉ်မောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဥ်နောက်လိုက် (မစိုးရိမ်ရ)တို့အား ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *