နောင်ချိုမြို့နယ်၊မန္တလေး-လားရှိုးကား လမ်းမှာ မော်တော်ယာဉ်နှစ်စီး ခေါင်း ချင်းဆိုင်တိုက်မိမှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့ နယ်၊မန္တလေး-လားရှိုးကားလမ်း၊‌ ကျောက်ကြမ်းကျေးရွာနှင့်အုမ္မခါးကျေးရွာကြား၊ မိုင်တိုင်အမှတ်(၇၀/၂)နှင့် (၇၀/၃)ကြားမှာ သြဂုတ်လ၄ရက်နေ့ မွန်း လွဲ၂နာရီ၂၅မိနစ်ကမော်တော်ယာဉ်နှစ် စီး ခေါင်းချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ ဆီကသိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ၄ရက်နေ့ မွန်းလွဲ ၂ နာရီ၂၅မိနစ်က နောင်ချိုမြို့နယ်၊မန္တလေး -လား ရှိုးကားလမ်း၊‌ ကျောက်ကြမ်းကျေး ရွာနှင့်အုမ္မခါးကျေးရွာကြား၊ မိုင်တိုင်အ မှတ်(၇၀/၂)နှင့်(၇၀/၃)ကြားမှာ နောင် ချိုဘက်ကနေ မန္တလေးဘက်ကို မောင်း နှင်လာတဲ့ Wish (အနက်ရောင်)ယာဉ် ဟာ ရှေ့မှလားရာတူမောင်းနှင်နေတဲ့ (၁၂)ဘီးကုန်တင်ယာဉ်ကို ကျော်တက် စဉ် တစ်ဖက်ယာဉ်ကြောကို ရောက်ရှိပြီး မန္တလေးဘက်ကနေ နောင်ချိုဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ကို ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာ ဖြစ်ပါ တယ်။

ယာဉ်တိုက်မှုကြောင့် Wish ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၂)ဦး ထိ ခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)၊ ခရီးသည်တင် ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦးနှင့် အမျိုး သမီး(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြတယ်လို့သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာကို နောင်ချိုမြို့ နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့အ စည်းများနှင့် ပူးပေါင်းပြီး ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့သူများကို နောင်ချိုမြို့ နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *