ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊မကျီးရေကျေးရွာအနီးမှာ ဇန်နဝါရီလ၁၇ရက်နေ့ နံနက်၇နာရီခွဲက Fuso ၁၂ဘီးယာဥ်တစ်စီးပေါ်ကနေ ကာလတန်ဖိုးငွေကျပ်၃၀ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ် (မက်သ်အဖက်တမင်း)များ ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲ တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ ဇန်နဝါရီလ၁၇ရက်နေ့ နံနက် ၇နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နောင်ချိုမြို့ နယ်၊ မကျီးရေကျေးရွာအနီးမှာ ရပ်စောက်ဘက်က နောင်ချိုဘက်ကို နိုင်ဦး မောင်းနှင်ပြီး ချစ်ကောင်း လိုက်ပါလာတဲ့ FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သ တင်းအရရှာဖွေရာ ယာဉ်ပေါ်မှာ စက္ကူဂျပ်ဖာများနှင့် ဘီယာဖာများရဲ့အောက်မှာ ဖုံးအုပ်သိုဝှက်သယ်ဆောင်လာတဲ့ ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀၀ ကီ လို(၂)တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အ ရ ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ ဇော်မျိုးလင်း(ခ)ကိုလင်းကို ရပ်စောက်တိုးဂိတ်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ရှမ်း ပြည်နယ်ကနေ ဧရာ ဝတီတိုင်းဒေသကြီးကို သယ်. ဆောင်ပြီး ထိုမှတစ်ဆင့် ပင်လယ်ရေကြောင်းနဲ့ ပြည်ပကို သယ်ဆောင်ရောင်းဝယ်မှာလို့ သိရပါတယ်။
အိုက်စ်(မက်သ်အဖက်တမင်း)များကို သယ်ဆောင်ရောင်းဝယ်သူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများကို ဆက် လက်စစ်ဆေးဖော် ထုတ်နေတယ်လို့ သိရပါတယ်။



