နေအိမ်ရေတွင်း တူးဖော်ရာမှ တွင်းထဲ ပြုတ်ကျ၍ သားအဖ ၂ဦးသေဆုံးမှု မြစ်ကြီးနားမြို့တွင် ယနေ့မေလ ၉ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနား နောင်နန်း၊ လမြန် ကျေးရွာတွင် ရေတွင်းတူးနေစဉ်ပြုတ်ကျသွား၍ အရေးပေါ်ကယ်ဆယ်ပေးရန်မိသားစုဝင်များမှ အသင်းရုံး သို့အကူအညီတောင်းခံလာ သောကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေအဖွဲ့(ကချင်ပြည်နယ်) က သွားရောက်ကူညီခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမှာ အောက်စီဂျင်ပြတ်ကာပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း၊ယင်းကြောင့်
သူနှစ်ဦး၏ ရုပ်အလောင်းများကို အရပ်သားများနှင့်အတူ ကူညီထုတ်ဖေါ်ပေးခဲ့ရကြောင်း သိရသည်။


Visited 5 times, 1 visit(s) today



