နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးရုံစီမံကိန်း၃ခုအတွက်တရုတ်-မြန်မာသဘောတူစာချုပ်ချုပ်ဆို

တရုတ်နိုင်ငံ POWERCHINA Resources Ltd နှင့် မြန် မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်သွားမယ့် ၉၀မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးရုံစီမံကိန်း(၃)ခုအတွက် တ ရုတ်-မြန်မာနှစ်နိုင် ငံဟာ နေပြည်တော်မှာ နိုဝင်ဘာလ ၇ရက်နေ့က သဘောတူစာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးရုံစီမံကိန်း (၃)ခုကို မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့က ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာတို့မှာ စုစုပေါင်းစက်တပ်အင်အား ၉၀ မဂ္ဂါဝပ်နဲ့ ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးရုံစီမံကိန်း (၃) ခုအတွက် တရုတ်-မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုရာကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးဉာဏ်ထွန်း၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊စီမံကိန်းကုမ္ပဏီ အထွေထွေမန်နေဂျာ Mr. Jiang Xingcheng နဲ့တာ ဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *