နေရပ်တွင်သာခေါင်းချလိုတဲ့ စစ်ရှောင်အဘွား ကွယ်လွန်

၂၂ ဇန်နဝါရီ၊၂၀၂၄

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလန စိန့်ဂျိုးဇက် စစ်ရှောင်စခန်း(၂)မှာ လာရောက်နားခိုနေရတဲ့ အသက်၁၀၀ကျော် အဘွားအိုဟာ ဇန်နဝါရီ ၂၀ရက်က ကွယ်လွန်အနိစ္စရောက်သွားခဲ့တယ်လို့ စစ်ရှောင်စခန်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က အင်ဂျန်းယန်မြို့နယ်ထဲ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် အင်ဂျန်းယန်ထဲက ပဆစ်ဆွပ်ကျေးရွာကနေ အဘွားတစ်ယောက် မိသားစုနဲ့ မြစ်ကြီးနားမြို့ပေါ် စစ်ရှောင်နေရတာပါ။

မွေးရပ်ရွာကို ပြန်ချင်တယ်လို့ မကြာခဏပြောဆိုတတ်တဲ့ အဘွားဟာ သူ့ဆန္ဒမပြည့်ခဲ့ဘဲ မြစ်ကြီးနားမှာပဲ ခေါင်းချခဲ့ရပါတယ်။

အဘွားကို ခရစ်ယာန်ဘာသာဓလေ့ထုံးစံအတိုင်း ဒီကနေ့ ဇန်နဝါရီ ၂၂ရက်မှာ ဝတ်ပြုဆုတောင်းပြီး ရာဒါကောင်းသုဿာန်မှာ ဈာပနပြုလုပ်မှာဖြစ်ပါတယ်။

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *