နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပြည်စံအောင်ရပ်ကွက် Moon Sun ဆီဆိုင်ရှေ့တွင် ဆန်အိတ်များ သယ်ဆောင်လာသော ကားတစ်စီး တိမ်းမှောက်ခဲ့၍ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မေလ (၂၅) ရက် ညပိုင်းက အဆိုပါယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာတွင်ယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယင်းကြောင့်ကရုဏာရှင် လူမှုကူညီရေး ပရဟိတအသင်းမှ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း လည်းသိရသည်။
