နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၁မှာ ၂၀၂၃ခုနှစ်အကယ်ဒမီဆုပေးပွဲကျင်းပသွားမှာဖြစ်

နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)မှာ ၂၀၂၃ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်ထူး ချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါ ရီ ၃ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ပြန်ကြားရေးဝန် ကြီးဌာနက သိရပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇာတ်ကားစိစစ်အကဲ ဖြတ်ခြင်းလုပ်ငန်းများကို ပထမအဆင့်အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၃၅ ကားကို စိစစ်ခဲ့ပြီး နနောက် ဒုတိယအဆင့်အနေနဲ့ ရွေး ချယ်ထားတဲ့ ဆန်ကာတင် ဇာတ်ကား ၁၂ ကားကို ဇန်န. ဝါရီ ၃ ရက်နေ့က စိစစ်ဆောင် ရွက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃နှစ်အကယ်ဒမီဆုပေးပွဲကို Forever Group ကုမ္ပဏီက အဓိကကူညီပံ့ပိုးခဲ့တာဖြစ်ပြီး နောက်ဆုံးဆန်ခါတင်ရွှေ ကြိုမောင်မယ်အမျိုးသား ၁၃ ဦးနဲ့အ မျိုးသမီး ၁၃ ဦးတို့ကို အပြီးသတ် ရွေးချယ်ပြီးခဲ့ပြီးနောက်ထူးခြားမှုအနေနဲ့ရွှေ ကြိုမောင်မယ်များအပြင် ရုပ်ရှင် အနာဂတ်အတွက် သရုပ် ဆောင်များကို မွေးထုတ်ပေးရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွှေ ကြိုရွေးချယ်ရေးအဖွဲ့၊ ရုပ်ရှင်ထုတ်လုပ်ရေးများနဲ့ရုပ်သံလိုင်းများက သရုပ်ဆောင် ၄၃ ဦးကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

၂၀၂၃ခုနှစ်ရဲ့ အကယ်ဒမီဆုပေးပွဲကျင်းပစွားမယ့် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)ဟာ ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ပထမဆုံးကျင်းပခဲ့တာလို့လည်း သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *