နေပြည်တော်၊ဥတ္တရသီရိမြို့နယ်မှာ တောင်ကျချောင်းရေဝင်ရောက်လာမှု ကြောင့် ကျေးရွာ၅ရွာမှာ ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရ

နေပြည်တော်၊ဥတ္တရသီရိမြို့နယ်မှာ စက်တင်ဘာလ၅ရက်ည၉နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုချောင်းနဲ့ပင်းတီးချောင်းတို့က စီးဆင်းလာတဲ့ ရေများဟာကျေးရွာ၅ရွာက နေအိမ်တွေထဲအထိ ဝင်ရောက်ခဲ့တာ ကြောင့် ဒေသခံပြည်သူတွေ ရေဘေး ဒုက္ခခံစားခဲ့ရတယ်လို့ သိရပါတယ်။

ရေဘေးကြုံတွေ့ခဲ့ရတဲ့ကျေးရွာတွေကို ဥတ္တရခရိုင်နှင့်ဥတ္တရသီရိမြို့နယ် မီး သတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များ၊ တောင်ညိုအရန်မီးသတ်တပ်ဖွဲ့ဝင် များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူး ပေါင်းပြီး ရေဝင်ရောက်တဲ့ အိမ်ထောင်စု များနဲ့အသုံးအဆောင်ပစ္စည်းတွေကို ရေ ဘေးလွတ်ရာ နေအိမ်များဆီကို ပြောင်း ရွေ့ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *